အပိုင်း (၁၀၀၇)

124 29 0
                                    


#Unicode


ရွှေပေါင်တွေ မရှိတော့ဘူး ဆိုတော့ အသက်ရှင်သန်နေထိုင်ဖို့ မိချောင်းခြေထောက်ကို ရောင်းမှ ဖြစ်မယ်။

ပုံမှန် အရဆိုရင် အရုူးစွမ်းအင် လွှဲပြောင်းသူ ဆီ ခေါ်ဆောင်သွားပေးမယ်လို့ ကြီးမြတ်တဲ့အဖြျူက သူ့ကို ပြောထားခဲ့တာ ဖြစ်တယ်။ ဒါပေမဲ ့ကြီးမြတ်တဲ့အဖြူ ရုတ်တရက် တံခါးပိတ် ကျင့်ကြံမှု ပြုလုပ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မိမှာ မဟုတ်ဘူးလေ။

အသက်ခုနှစ်သက် အဆောင်ဆရာ က မေးလိုက်တယ် "တာအိုဘုန်းကြီး ဟော်ရီဇုံ ရဲ့ ဆက်သွယ်ရမယ့် လိပ်စာ မရှိဘူးလား"

"ငါ့ဆီမှာ တာအိုဘုန်းကြီး ဟော်ရီဇုံ ရဲ့ နံပါတ် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ သြော်။ ဟုတ်ပြီ. ယုကျောင်းကျောင်း ဆီမှာ ရှိနိုင်တယ်။" ရူဟန်က ဖုန်းကို ထုတ်ပြီး ယုကျောင်းကျောင်း ဆီ ဆက်လိုက်တယ်။

တာအိုဘုန်းကြီး ဟော်ရီဖုံက ယုကျောင်ကျောင်း အိမ်မှာ အချိန်ခဏလောက် နေခဲ့ဖူးတယ်လေ။ ဒါကြောင့် ယုကျောင်းကျောင်း ဆီမှာ ဖုန်းနံပါတ် ရှိနိုင်တယ်။

ယုကျောင်းကျောင်း ဖုန်းနံပါတ်ကို ခေါ်ပြီးတဲ့နောက် စက်ရုပ်အသံတစ်ခုက ထွက်ပေါ်လာတယ် "ဆောရီး .. လူကြီးမင်း ခေါ်ဆိုသည့် ဖုန်းနံပါတ်မှာဆက်သွယ်မှု ဧရိယာ ပြင်ပ ကို ရောက်ရှိနေပါတယ်။"

"......" ရူဟန်။

"မင်း ယုကျောင်းကျောင်းကို ရှာချင်တာလား သူမ ကျင့်ကြံမှု အဆင့်ကို မြှင့်ချင်လို့ နဂါးဘုရင်နန်းတော် ကို သွားတယ်။ အဲက အတားအှဆီးတွေကြောင့် ဖုန်းလိုင်းမိမှာ မဟုတ်ဘူး။" အသက်ခုနှစ်သက် အဆောင်ဆရာက ပြောလိုက်တယ်။

"ကောင်းကင်ဘုံ" ရူဟန် သက်ပြင်းချလိုက်တယ်။ ပြီးနောက် ဖုန်းကို ပွတ်လိုက်တယ်။ ယုကျောင်းကျောင်းကို ရှာမရဘူး ဆိုတော့ အင်မော်တယ် ဘိုင်ဇူးကို ရှာဖို့ ပဲ ကျန်တော့တယ်။

အင်မော်တယ် ဘိုင်ဇူး နဲ့ ဟော်ရီဇုံက သူငယ်ချင်းတွေပါ။ သူမ က ဟော်ရီဇုံ ရဲ့ နံပါတ်ကို ကျိန်းသေပေါက် သိလိမ့်မယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora