အပိုင်း (၉၄၄)

115 25 0
                                    


#Unicode


ဒီလို တိုက်ခိုက်ခံရမှုကို ငါတကယ်ကြိုက်တယ်။ မကြာခင် အဆင့်သေးတစ်ခုလောက် တက်လိုက်အုန်းမယ်။

တစ်ချိန်တည်းမှာပဲ ရူဟန် က သူ့ရဲ့မျက်လုံးချက်ကရာ သန္ဓေစွမ်းရည်ဖြစ်တဲ့ [ကျွမ်းကျင်အမြင်] ဒါမှမဟုတ် ကျည်ဆံအချိန် ကို အသက်သွင်းလိုက်တယ။်

အကျိုးဆက် အနေနဲ့ ရုပ်ရှင် ထဲက ကျည်ဆံ နှေးကွေးသွားသလို မျိုး ဓားရှစ်လက် က နှေးကွေးသွားတယ်။ ရူဟန်က ရတနာဓားမော့ နဲ့ ကောင်းကင်နဲ့ မြေကြီး ဝတ်ပြုခြင်း စုတ်တံကို ဝေ့ယမ်းကာ ကာကွယ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ သူ့ညာဘက်ရှိ လာမီယာကလည်း လှုပ်ရှားလိုက်တယ်။ သူမ က ဓားတွေကို သွေးနီရိုးနဲ့ ကာကွယ်လိုက်တယ်။ အသွင်ပြောင်းပြီးတဲ့နောက် လာမီယာက ပိုပြီး အသိဉာဏ်ရှိလာပုံ ပေါ်တယ်။ ဒီတစ်ကြိ်မ်မှာ ရူဟန်က သူမကို အမိန့်ပေးခဲ့တာ မဟုတ်ဘဲ သူမ က ဘာသာ ပြုလုပ်ခဲ့တာ ဖြစ်တယ်။

သခင်ကို ကာကွယ်ရမယ့် သူမရဲ့ စွမ်းရည်က တိုးတက်လာခဲ့တာလား။

ဒါပေမဲ့ သူမ ဒီလောက်နဲ့ မရပ်တန့်ပါဘူး။ ဓားတွေကို ကာကွယ်ပြီးတဲ့နောက် လက်ကိုဆန့်တန်းပြီး ပါးပိတ်ရိုက်တဲ့ ခြေညှပ် ဖိနပ်ကို ဝေ့ယမ်းလိုက်တယ်။

ရူဟန်က ဒီ ခြေညှပ်ဖိနပ်ကို တိမ်ဖြူကောင်း မှာ လျှောက်သွားရင်း ဝယ်ယူခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ အရွယ်အစား လျော့ချခြင်းအိတ်ထဲကို ထည့်ထားလိုက်တာ ဖြစ်တယ်။ ဒါက သိပ်လည်း အသုံးမဝင်ဘူးလေ။

ဒါပေမဲ့ လာမီယာက ခြေညှပ်ဖိနပ်ကို အသုံးပြုချိန်မှာတော့ အနီးပတ်ဝန်းကျင် တစ်ခုလုံး ကျယ်လောင်တဲ့ အသံကြီး ပေါ်လာတယ်။ ခြေညှပ်ဖိနပ် ရဲ့အမြန်နှုန်း က ကြောက်ခမန်းလိလိ မြန်ဆန်သွားတယ်။ အသံအတားအဆီး ကန့်သတ်မှုကိုတောင်မှ လွန်သွားပုံ ပေါ်တယ်။ ရူဟန် နဲ့ ပစ်မှတ်ကြားက အကွာအဝေး မီတာနှစ်ဆယ်လောက်ကို ခြေညှပ် ဖိနပ်က မျက်စိတမှိတ်အတွင်း ရောက်ရှိသွားတယ်။ လာမီယာ လှုပ်ရှားလိုက်တာ နဲ့ တပြိုင်နက် ခြေညှပ်ဖိနပ် က ခရမ်းရောင် ဝတ်စုံဝတ် ကျင့်ကြံသူရဲ့ ဘယ်ဘက်ပါး ကို ထိထိမိမိ မှန်သွားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now