အပိုင်း (၉၃၉)

126 27 0
                                    


#Unicode


မွန်းစတား မြေခွေး။

ဓားပိုးကောင် အသိုက်ထဲမှာတော့ ..

စီနီယာအဖြူ က သူ့မျက်စိရှေ့က ဥမင် ဆယ့်ခုနှစ်ခုကို ကြည့်ပြီး အတွေးနက်နေတယ်။

မမြင်ရတဲ ့ဓားပိုးကောင် အသိုက်က ဝင်္ကဘာလိုပဲ ရှုပ်ထွေးတယ်။ များပြား ရှုပ်ထွေးလှတဲ့လမ်းတွေ ရှိနေတယ်။ ရူဟန်တို့က ဥကို ရဖို့ ဘယ်လမ်းက သွားရမလဲ မသိဘူး ဖြစ်နေတယ်။

ဒါတင်မကသေးပါဘူး။ တခြားပြဿနာ ရှိနေပါသေးတယ်။ များပြားလှတဲ့လမ်းတွေ က သေးငယ်ပြီး ခွေးတိုးပေါက်လောက်ပဲ ရှိနေတာဖြစ်တယ်။

တကယ်ဆိုရင် ရှု့ပ်ထွေးလှတဲ့ ဥမင်တွေက ပြဿနာ မဟုတ်ပါဘူး။ ကြီးမြတ်တဲ့အဖြူ က သူ့ရဲ ့စိတ်ဝိညာဉ်ကို ဖြန့်ကျက်ပြီး ကြည့်လိုက်ရင် ဥဘယ်မှာလဲ ဆိုတာကို လွယ်လွယ်သိနိုင်ပါတယ်။

ဒါပေမဲ့ ဒီလမ်းထဲကို လေးဘက်ထောက်ဝင်ဖို့ ဆိုတာက တော်တော်ဆိုးပါတယ်။ စီနီယာအဖြူ က ဒါကို ပြုလုပ်ချင်ပုံ မပေါ်ဘူး။

ခဏလောက်စဉ်းစားပြီးတဲ့နောက် စီနီယာအဖြူ က အရေးကြီး အမူအရာ နဲ ့သူ့ခေါင်းကို လှည့်ကာ ပြောလိုက်တယ် "ရူဟန်.. မင်းတကယ်ပဲ ဒီဥတွေကို လိုချင်လား"

"?" ရူဟန်က ဇဝေဇဝါ ဖြစ်သွားတယ်။

စီနီယာအဖြူ ဒီ ဥ တွေကို ယူဖို့ အကြံပေးတာ မင်းပဲ မဟုတ်လား။

ဒါပေမဲ့ သူ က ပြန်ဖြေလိုက်တယ်။ "အင်း.. ဖြစ်နိုင်ရင် လိုချင်တယ်"

ပြီးတော့ ဓားပိုးကောင်တွေက တကယ်ပဲ တန်ဖိုးကြီးတယ်လေ။

"ကောင်းပြီ။ ဒါဆို ငါ့နောက်ကလိုက်ခဲ့" စီနီယာအဖြူ က ပြောလိုက်တယ်။

ရူဟန်က စီနီယာအဖြူ နောက်ကို လိုက်ခဲ့တယ်။

ပြီးနောက် စီနီယာအဖြူ က ထူးဆန်းတဲ့ မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်တာကို တွေ့လိုက်ရတယ်။

ဒါက ထွင်းစက်လို အရာမျိးပဲဖြစ်ပါတယ်။

စီနီယာအဖြူ က ထွင်းစက်လို မှော်ရတနာကို ကိုင်ပြီး လမ်းတစ်ခုကို ကြုံရာရွေးချယ်ကာ ထွင်းလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora