အခန်း ( ၄ ) ကျွင်းလင်းလုံ၊ ထူးကဲသိမ်မွေ့သော ဝင်ပေါက်ခုနစ်ခု နှလုံးသား။ ကောင်းကင်ဧကရာဇ်ကျွင်းက ဘယ်သူလဲကျွင်းမိသားစု သိုင်းပညာ ပွဲစင်မြင့်ဟာ ဧရာမကျွန်းကြီးတစ်ကျွန်းပေါ်တွင် တည်ရှိသည်။
ကျွင်းမိသားစုမှ တပည့်များစွာဟာ ၎င်းတိုက်ပွဲစင်မြင့်တွင် လေ့ကျင့်ကြ၏။
ထိုနေရာတွင် ကျွင်းမိသားစုဝင်များ၏ ကျင့်ကြံခြင်းအခြေခံကို စမ်းသပ်ရန်လည်း နေရာများစွာရှိပေသည်။
ကျွင်းမိသားစု အကြီးအကဲများ သိမ်းပိုက်လာသည့် တိုင်ယွဲ့ရှေးဟောင်းကျောက်စာတိုင်သည်လည်း ထိုနေရာ၌ပင် ရှိသည်။
လက်ရှိတွင် မိန်းမငယ်တစ်ယောက်က အသက်ပြင်းရှူကာ တိုင်ယွဲ့ရှေးဟောင်းကျောက်စာတိုင်ကို စိန်ခေါ်ရန် ပြင်ဆင်နေ၏။
အနှီမိန်းကလေးက ဆယ့်လေး၊ ဆယ့်ငါးနှစ်သာ ရှိဦးမည်။ သူ့တွင် လှိုင်းတွန့်များကဲ့သို့ ရွှေရောင်တောက်တောက် ဆံပင်ရှည်များရှိသည်။
သူ့အသားအရေက ကြည်လင်နေကာ နီမြန်းသောနှုတ်ခမ်းတို့ဖြင့် မျိုးရိုးမြင့်မြတ်သူတို့၏ အသွင်သဏ္ဍန်ပင် ရှိ၏။
သူဟာ ငယ်ရွယ်သူပင် ဖြစ်လင့်ကစား ကိုယ်ကျပ် နန်းတွင်းဝတ်စုံမျိုးကို ဝတ်ဆင်ထား၍ လှပသော ကိုယ်ခန္ဓာအချိုးအစားကို လှစ်ဟပြနေသကဲ့သို့ပင် ဖြစ်နေတော့သည်။
"ဒီတစ်ခေါက် ကျွင်းလင်းလုံက ဘယ်လိုအောင်မြင်မှု မှတ်တိုင်များ စိုက်ထူနိုင်အုံးမလဲ မသိဘူး"
"သူ့မှာ ထူးကဲသိမ်မွေ့တဲ့ ဝင်ပေါက်ခုနစ်ခု နှလုံးသားရှိပြီး ကျင့်စဉ်အမျိုးမျိုးကို အလွယ်တကူ နားလည်နိုင်တယ်လေ..။ သူက ခန္ဓာကျင့်စဉ်တစ်မျိုးကိုတောင် လေ့ကျင့်ထားသေးတယ်"
"ကျုပ်ကြားတာတော့ သူ့ကို နောက်လိုက်အဖြစ်ခေါ်ချင်တဲ့ စီကွမ်တွေတောင် ရှိကြတယ်တဲ့... ဒါပေမဲ့ သူက အားလုံးကို ငြင်းပယ်ခဲ့တယ်တဲ့ဗျာ"
ကျွင်းမိသားစုဝင် လူငယ်လေးများက ကျွင်းလင်းလုံအမည်ရှိ မိန်းမလှလေးကိုကြည့်ကာ တီးတိုးပြောဆိုလိုက်ကြသည်။
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...