၅၆၁ - ၅၆၅

564 60 0
                                    


အခန်း ( ၅၆၁ ) ငရဲကြယ်ဆယ့်ကိုးလွှာမှ စမ်းသပ်မှု။

ငရဲကြယ်အပြင်ဘက်မှ သိုင်းကွင်းပြင်တွင်...

လူတိုင်းက ယခင်တုန်လှုပ်မှုမှ မနိုးထသေးပါ။

ဘီလူးလေးသုံးကောင် ကျဆုံးခြင်းသတင်းက ဧကရာဇ်လမ်းတစ်ခုလုံးကို တုန်ခါစေသော သတင်းတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူ့ခွန်အား လေးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြ၍ ဘီလူးလေးသုံးယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ ယင်းက အချိန်တစ်ခုကြာ လူပြောအများဆုံး အကြောင်းအရာ ခေါင်းစဉ်တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်အတွက် ကောင်းခြင်းပြီးပြည့်စုံပြီပဲ။ သူ ပြန်ထွက်လာဖို့ အချိန်တန်ပြီ"

"ဟာ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အတွင်းပိုင်း ဆက်သွားနေတုန်းဆိုတာ မင်း မမြင်ဘူးလား"

"သူက ဘာလုပ်ချင်နေတာလဲဟ၊ သူက ငရဲကြယ် ဆယ့်ကိုးလွှာကို ဆက်ပြီး ဝင်ချင်နေတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား"

"ငရဲကြယ်ဆယ့်ကိုးလွှာက အံ့ဖွယ်ခုနစ်ခုထဲက တစ်ခုနော်၊ ဒါက တားမြစ်နယ်မြေတစ်ခုပဲ"

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက သိုင်းကွင်းပြင်ကို နောက်တစ်ဖန် မုန်တိုင်းထန်သွားစေခဲ့သည်။

ကျွင်းရှောင်ယောက်က အတွင်းကို နက်ရှိုင်းစွာ ဆက်ဝင်သွားဦးမည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။

"သခင်က ဒီလောက် ပြတ်သားလွန်းတာလား"
ခေါင်းကိုးလုံးခြင်္သေ့ကြီးလည်း အံ့ဩသွားခဲ့သည်။

"ငရဲကြယ်ဆယ့်ကိုးလွှာ၊ သူတကယ်ပဲ ကျော်ဖြတ်နိုင်မှာလား"
ခုန်းရွှမ်လည်း အတွေးများ ပျောက်ဆုံးနေဆဲပင်။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုများက သူမ၏ ကျွမ်းကျင်သူများအပေါ် အသိအမြင်ကို ပြန်လည် ဆန်းသစ်စေခဲ့သည်။

နောက်ထပ် အံ့ဖွယ်တစ်ခုကို ကျွင်းရှောင်ယောက် ဖန်တီးနိုင်ဦးမလားဟု သူမ သိချင်မိလေသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now