အခန်း ( ၄၀၁ ) မင်းသမီးလုံကျိ ပိတ်မိသွားခဲ့ပြီ၊ ကျွင်းရှောင်ယောက်က ဤနောက်ကွယ်မှ လက်မည်းကြီးလား။
မင်းသမီးလုံကျိသည် ဘုရင်မတစ်ပါးကဲ့သို့ အလွန်ပြတ်သားပြီး ရဲရင့်သည့် စရိုက်ရှိသောသူ ဖြစ်သည်။
သူဟာ ရှန်းကုမျိုးနွယ်ဝင်များကို သတ်ဖြတ်ရန်ပင် မတွန့်ဆုတ်ခဲ့ပေ။
မင်းသမီးလုံကျိက လက်ကိုဆန့်ထုတ်ကာ နဂါးလက်ဝါးကို အသုံးပြုလိုက်သည်။ ထိုအခါ ရွှေနဂါးလက်သည်းကြီးက လေဝိညာဉ်မျိုးနွယ်ဝင်ထံ ကြမ်းတမ်းစွာ တိုးဝင်သွား၏။
"အစစ်အမှန်နတ်ဘုရားနယ်ပယ် သေးငယ်သော ပြီးပြည့်စုံမှု"
လေဝိညာဉ်မျိုးနွယ်ဝင်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။မင်းသမီးလုံကျိက အခြားပါရမီရှင်များထက် များစွာသန်မာကာ ၎င်းတို့နှင့် တူညီသောအဆင့်တွင် မရှိပေ။
'နဂါးမျိုးနွယ်ရဲ့ မြင့်မြတ်သမီးတော်က သူ့ကို သတ်ဖြတ်ခြင်းဝင်္ကပါထဲ ဆွဲဆောင်သင့်တယ်လို့ ပြောခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ လက်စသတ်တော့ ဒီလိုကို'
လေဝိဥာဉ်လည်း တုန်လှုပ်ခြောက်ခြားသွားမိသည်။အကယ်၍ ၎င်းတို့သာ အစီအစဉ်ကို ကြိုတင် ချမှတ်မထားခဲ့ပါက မင်းသမီးလုံကျိကို သတ်နိုင်လျှင်ပင် ကြီးမားသောဆုံးရှုံးမှုကို ခံစားရဦးမည်။
လေဝိညာဉ်မျိုးနွယ်မှ ပါရမီရှင်လည်း တိုက်ခိုက်မှုကို တွန်းလှန်ရန် ၎င်းတို့မျိုးနွယ်၏ နတ်ဘုရားစွမ်းရည်အား အသုံးပြုခဲ့သည်။
အပြာရောင်လေပြင်းက ဓားသွားများကဲ့သို့ဖြစ်ကာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွား၏။
သို့သော်လည်း ၎င်းတို့အားလုံးကို ရွှေနဂါးလက်သည်းကြီးက ဖျက်ဆီးသွားတော့သည်။
"ဖူး"
လေဝိညာဉ်မျိုးနွယ်မှ ပါရမီရှင်လည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ ထို့နောက်မှာတော့ အပြာရောင်တောင်ပံများကို လှုပ်ခတ်ကာ တစ်ချိုးတည်း လှည့်ထွက်ပြေးတော့သည်။လေဝိညာဉ်မျိုးနွယ်သည် လေတာအိုနှင့် သဘာဝအတိုင်း သဟဇာတဖြစ်သောကြောင့် အမြန်နှုန်းတွင် အားသာချက် ရှိသည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...