အပိုင်း ၂၀

1.2K 97 2
                                    

အခန်း ( ၂၀ ) ရှောင်ချန်း၏ နဂါးချီကိုယူကာ သွေးကြောများကို ဖျက်ဆီးခြင်း၊ ငါမင်းကောင်းဖို့အတွက် လုပ်တာပါကွာ

ကျွင်းရှောင်ယောက် စိတ်ထဲတွင် စနစ်တစ်ခုရှိသည်၊ သူဟာ ပြိုင်ဘက်ကင်းပါရမီ၊ နောက်ခံများနှင့်လည်း မွေးဖွားလာခဲ့၏။

သူက ဤခေတ်တစ်ခုလုံးကို အုပ်စိုးရန်အတွက် မွေးဖွားလာခဲ့သူပင် ဖြစ်သည်။

ဇာတ်လမ်းတစ်ခုတွင် ဇာတ်ရန်များက မည်မျှပင် အစွမ်းထက်နေစေကာမူ နောက်ဆုံးတွင် ဇာတ်ကောင်ကို ကျော်ဖြတ်မရနိုင်ပါချေ။

ယင်းက ရှောင်ချန်းအတွက်ပင် အတူတူသာ ဖြစ်သည်။

"မင်း..."
ရှောင်ချန်း လက်သီးဆုပ်ကာ အံကို တင်းတင်းကြိတ်လိုက်၏။

ဤသို့ ပျော့ဖတ်သည်အထိ အရိုက်ခံရပုံမျိုးကို သူတစ်ခါမျှ မတွေးခဲ့ဖူးပေ။ ယင်းက သူ့စိတ်ထဲတွင် အလွန်အမင်း ရှက်သွားစေခဲ့သည်။

လူအုပ်ကြားမှ ပိုင်ယုအာက ပြောလိုက်သည်။
"တော်လောက်ပြီ ရှောင်ချန်း... နတ်ဘုရားသားတော်က အရမ်းအစွမ်းတာ... သူက နင့်ကို တစ်ခါတည်းသတ်နိုင်ပါလျက်နဲ့ မသတ်တာကတင် ကြီးမားတဲ့ ကြင်နာခြင်းတစ်ခု ဖြစ်နေခဲ့ပြီ"

သူဟာ ရှောင်ချန်းကိုစိတ်ပျက်လွန်း၍ စေ့စပ်စာချုပ်ကိုပင် ဖျက်‌သိမ်းပြီးချေပြီ။

သို့သော် ငယ်သူငယ်ချင်းကဲ့သို့ သံယောဇဉ်တချို့က ကျန်ရှိနေဆဲပင်။ သို့သော်လည်း ၎င်းက ဤမျှသာ ဖြစ်သည်။

ရှောင်ချန်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"ပါးစပ်ပိတ်ထား ခွေးမ... ငါ့ပုံက ကျွင်းရှောင်ယောက်ရဲ့ ကြင်နာမှုကို လိုအပ်တဲ့ပုံပေါက်နေလို့လား"

ပိုင်ယုအာက ကြင်နာမှုဖြင့် ပြောခဲ့သော်လည်း ထိုစကားများက သူ့ကို အလွန်ဒေါသထွက်စေသည်။

သူ့မျက်လုံးက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေတော့မည်ဖြစ်သော်လည်း ဒေါသနှင့် မကျေနပ်မှုများက မီးတောင်ပေါက်ကွဲသည့်နှယ် ထွက်ပေါ်လာခဲ့၏။

'ဒီငတုံးကောင်... သူက ငါ့ကို တူးတူးခါးခါး မုန်းတီးနေတာပဲ'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Tahanan ng mga kuwento. Tumuklas ngayon