အပိုင်း ၃၆

1.1K 90 0
                                    

အခန်း ( ၃၆ ) လုံဟောက်ထျန်း၏ ဝှက်ဖဲ၊ လက်မှတ်ထိုးဝင်ကာ ကြယ်ခုနစ်ပွင့်ဆုလာဘ် အနှိုင်းမဲ့အရိုးကို ရရှိခြင်း

ကျွင်းရှောင်ယောက်က သူ့လက်ဝါးကိုဆန့်ထုတ်ကာ တံဆိပ်တစ်ခုကို ဖိနှိပ်လိုက်သည်။

သူ့အနောက်တွင် လောကကြီးကို အထက်ဆီးမှကြည့်နေဟန်ရသော ဧကရာဇ်တစ်ပါးကဲ့သို့ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။

"ဒါ ကျွင်းမိသားစုရဲ့ အဆင့်မြင့်သိုင်းပညာ၊ ဧကရာဇ်ရဲ့တံဆိပ်တော်ပဲ"
အကြီးအကဲတစ်‌ယောက်က အသံမထွက်တထွက်ဖြင့် ပြောလိုက်သည်။

ရှေးဟောင်းမင်းမျိုးနွယ်မိသားစုဆိုသည့်အတိုင်း ကျွင်းမိသားစု၏ အမွေအနှစ်များက နက်ရှိုင်းလွန်းလှသည်။ ထို့ကြောင့်ပင် သဘာဝအရ ၎င်းတို့အသုံးပြုသော ပညာရပ်များက အလွန်ဆန်းကျယ်ကာ နက်နဲလွန်း၏။

ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ လက်နက်တစ်သောင်း မုန်တိုင်းသိုင်းကဲ့သို့ သိုင်းပညာတစ်ခုတည်းကို လေ့ကျင့်မထားခြင်းဟာ သဘာဝကျပေသည်။

'ဧကရာဇ်ရဲ့တံဆိပ်တော်'ဟာ ကျွင်းရှောင်ယောက် လေ့ကျင့်ခဲ့သော ထိပ်တန်းအဆင့် သိုင်းပညာတစ်မျိုးဖြစ်သည်။

သူ၏ မွန်းစတားဆန်သော ပါရမီအရ ယင်းကိုနားလည်ကာ အမြင့်ဆုံးအထိရောက်ရှိရန် သိပ်မခက်ခဲ့ပါချေ။

ထိုစဉ် ကျွင်းရှောင်ယောက်က ဧကရာဇ်တံဆိပ်တော်ကို လွှတ်ပေးလိုက်သည်။

တံဆိပ်တော် ထွက်ပေါ်လာသည်နှင့် အားလုံးတုန်ခါသွားရ၏။

သူ့အနောက်မှ ဧကရာဇ်ပုံရိပ်ကြီးကလည်း ကောင်းကင်နှင့်မြေပြင်ကို ဖြိုခွင်းနိုင်သော စွမ်းအင်များအား ထုတ်ဖော်လာခဲ့ပုံရသည်။

ဤတံဆိပ်တော်နှင့် ကျွင်းရှောင်ယောက်ဟာ နေ၊ လ၊ ကြယ်တာရာများကိုပင် ဖိနှိပ်နိုင်စွမ်းရှိလာခဲ့၏။

လုံဟောက်ထျန်းကလည်း နဂါးလက်သီးကို ထုတ်ဖော်လိုက်သည်။ လက်သီးမှ တောက်ပသောအလင်းများ ဖြာထွက်နေသည်မှာ ပတ်ဝန်းကျင်ကိုပင် လင်းထိန်နေစေတော့၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now