အပိုင်း ( ၁၀၁ ) သုံးချက်တည်းဖြင့် ဖုန့်ချင်းလင် ထွက်ပြေးရသည်
ထိုအသံကိုကြားသောအခါ ကျွင်းရှောင်ယောက်က ပြန်လှည့်လိုက်သည်။ သူဟာ ဖုန့်ချင်းလင်ကို လျစ်လျူရှုစွာ ကြည့်လိုက်၏။
ဖုန့်ချင်းလင်ကတော့ သူ၏ ဖီးနစ်ငိုကြွေးချီတောင်တန်းကိုသာ လောဘမျက်လုံးများဖြင့် ကြည့်နေဆဲပင်။
ဤကုချင်းက သူမ၏ စွမ်းရည်များနှင့် အလွန်လိုက်ဖက်ပြီး အံဝင်ခွင်ကျပင်ဖြစ်နေသည်။
အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ယင်းက ရှေးဟောင်းသူဝောာ်စင်လက်နက်တစ်ခု ဖြစ်ချေသည်။
ရှေးဟောင်းသူတော်စင်လက်နက်က အလွန်ရှားကာ အသုံးပြုပုံကလည်း ကျင့်ကြံခြင်းတစ်ခုတည်းအတွက် မဟုတ်ပေ။
လက်နက်ကောင်းတစ်ခု ရှိထားပါက အစွမ်းထက် ရန်သူများကိုပင် ဆန့်ကျင်နိုင်သည်။
ထို့ကြောင့် ဖုန့်ချင်းလင်ဟာ အလွန်စိတ်လှုပ်ရှားနေပြီး မပြောဘဲ မနေနိုင်တော့ပေ။
"အဲဒီတော့ ဘာဖြစ်လဲ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။"သာလွန်အဆင့် နတ်အရင်းမြစ်တစ်ထောင်နဲ့ နင့်ရဲ့ကုချင်းကို လဲလှယ်ချင်တယ်"
ဖုန့်ချင်းလင်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်၏။ပါရမီရှင် လူငယ်အချို့လည်း အသက်ပြင်းပြင်းရှူလိုက်မိကြသည်။
ရှေးဟောင်းတော်ဝင်မိသားစုမှ ဆင်းသက်လာသူ ဆိုသည်အတိုင်း သာလွန်အဆင့်နတ်အရင်းအမြစ်တစ်ထောင်ကိုပင် အလွယ်တကူ ထုတ်ပေးနိုင်သည်။
သို့သော်လည်း အများစုကတော့ ကျွင်းရှောင်ယောက်၏ ကုချင်းကိုသာ ကြည့်ကြသည်။
ရှေးဟောင်းသူတော်စင်လက်နက်နှင့် နှိုင်းယှဉ်ပါက နတ်အရင်းမြစ်တစ်ထောင်ဟာ ဘာမျှမဟုတ်တော့ပေ။
ယင်းက အနည်းငယ်ပင် ပိုနိမ့်ကျမည်ဖြစ်သည်။
နောက်ဆုံးမှာတော့ ရှေးဟောင်းသူတော်စင်လက်နက်ဟာ နတ်အရင်းမြစ်များဖြင့် တိုင်းတာနိုင်သောအရာ မဟုတ်ပါချေ။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
DU LIEST GERADE
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Abenteuerဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...