651 - 655

562 37 0
                                    

အခန်း ( ၆၅၁ ) ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာ၏ စွမ်းရည်၊ ဖရိုဖရဲ ကြယ်ပင်လယ်သို့။

ရန်ယုမန်၏ ခန္ဓာကိုယ်က ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာ ဖြစ်သည်။
   
ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာနှင့် ရှေးဧကရာဇ်လိပ်ပြာတို့သည် နတ်ဆိုးသားရဲမျိုးနွယ်တွင် ရှေးအကျဆုံးနှင့် အမွန်မြတ်ဆုံး မျိုးရိုးထဲမှ တစ်ခုဖြစ်၏။

ယခင်ကတော့၊ ရန်ယုမန်သည် သူမ၏သွေးမျိုးဆက်ကို မနှိုးရသေးသောကြောင့် ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာ၏ စွမ်းရည်ကို မပြသနိုင်ခဲ့ခြင်း ဖြစ်ချေသည်။
   
ယခုမူ၊ ရှေးဦးသွေး၏ အထောက်အပံ့နှင့် သူမ၏သွေးမျိုးဆက်မှာ အပြည့်အဝ နိုးထလာခဲ့ပြီ ဖြစ်သည်။

အရောင်ကိုးမျိုးနှင့် ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာက အတောင်ကိုခတ်ရင်း ပျံသန်းလာခဲ့သည်။ အတောင်တစ်ချက်ခတ်လိုက်တိုင်း အတောင်များကြားမှ ရောင်စုံဝတ်မှုန်နှင့်တူသော အမှုန်လေးများ ကျဆင်းလာခဲ့၏။
   
သူမ ဖြတ်သွားသည့်‌ နေရာတိုင်းမှ သာမန်မြွေလူသားများမှာ ခုခံနိုင်စွမ်း မရှိသကဲ့သို့ မြေပြင်ပေါ်တွင် ချက်ချင်းလဲကျသွားရသည်။
   
သူတော်စင်အဆင့်မှ‌ မြွေလူသားအကြီးအကဲများလည်း တောင့်မခံနိုင်ဘဲ အိပ်မက်ကမ္ဘာထဲကို တစ်ယောက်ပြီးတစ်ယောက် ရောက်သွား၏။
   
မဟာသူတော်စင်နှင့် သူတော်စင်သခင်များပင်လျှင် သက်ရောက်မှုများ ရှိခဲ့သည်။

မြွေစိမ်းစစ်သူကြီးသည်လည်း အိပ်မက်ထဲသို့ ရောက်သွားခဲ့ပုံရလေသည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ စွမ်းရည်ပါလိမ့်၊ ဒါက အိပ်မက်လမ်းစဉ်ပေါ့"
ဘုရင်မမီဒူဇာ၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။
  
အကြောင်းမူကား၊ သူ၏ အဓိပဓိတစ်ပိုင်းနယ်ပယ် ကျင့်ကြံခြင်းအခြေခံနှင့်ပင် အိပ်မက်တစ်မျိုးမျိုးထဲသို့ ကျရောက်တော့မည်ကဲ့သို့ ဖြစ်နေသေးသည်ကို သိလိုက်ရသောကြောင့်ပင်။

ထိုက်ယင်ကျောက်စိမ်းယုန်ဆိုလျှင် ပို၍ပင် သည်းမခံနိုင်တော့ဘဲ ဖြူဝင်းပြီး နူးညံ့သော မျက်နှာပေါ်၌ မိုက်မဲပြီး ချစ်စရာကောင်းသော အပြုံးတစ်ခု ရှိလာခဲ့သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ