အပိုင်း ၁၁၁ မှ ၁၁၅

927 67 0
                                    

အခန်း ( ၁၁၁ ) အကုန်လုံးက အမှိုက်တွေပဲ၊ တားမြစ်မြို့တော်ထိပ်၊ အကုန်လုံးကို တစ်‌ယောက်တည်းဖြင့် စိန်ခေါ်ခြင်း

‌မြေပြင်အက်ကွဲကြောင်းများကြား၌ ရှောင်ချန်း ထရပ်လာသည်။ သူ့ခန္ဓာကိုယ်ကလည်း တုန်ခါနေကာ သွေးများ စီးကျနေ၏။

သူ့မျက်လုံးများကတော့ မယုံနိုင်ဟန်ဖြင့် နီရဲနေတော့သည်။

ငါထပ်ရှုံးခဲ့ပြီ။

ကျွင်းရှောင်ယောက်ကို ငါအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တယ်။

အခု မားကွစ်ကွမ်ကျွင်းကိုလည်း ငါအနိုင်မယူနိူင်ဘူး။

အလွန်စိတ်ဓာတ်ပြတ်သားသော ရှောင်ချန်း၏ တာအိုနှလုံးသားပင် ပြိုလဲတော့မည်ကဲ့သို့ ခံစားလာခဲ့ရသည်။

အမှန်အတိုင်းဆိုရလျှင် ရှောင်ချန်း အားမနည်းပါ။

ရန်ပန့်ထံ၌သာ ပန်ဟွမ် ဝိညာဉ်ဓားမရှိပါက မည်သူနိုင်မည်၊ ရှုံးမည်ဆိုတာကို အတိအကျပြောနိုင်မည်မဟုတ်ပေ။

စိတ်မကောင်းစရာက ရန်ပ၏ ပင်ကိုယ်ပါရမီက သန်မာသည့်အပြင် ပန်ဟွမ်ဝိညာဉ်ဓားကိုလည်း ရရှိထားခဲ့ပါသေးသည်။

ဤသည်ကပင် ပန်ဝူဧကရာဇ်သခင်၏ ယုံကြည်မှုဖြစ်သည်။

ပြိုင်ပွဲတစ်ခု ကျင်းပပေးလျှင်ပင် ကြင်ရာတော်က ရန်ပန်မှတပါး အခြားသူမရှိနိုင်ပါချေ။

ထိုအချိန်တွင် အနီးနားရှိ ကျင့်ကြံသူများမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားကြသည်။

ရှောင်ချန်းနှင့် ဝူမင်ယွဲ့က ရင်းနှီးမှုရှိနေကြကြောင်း သဘာဝအရ သတိထားမိကြ၏။

ဒဏ္ဍာရီပုံပြင်များအတိုင်း မင်းသမီးနှင့်ပေါင်းဖက်ရန် ကောင်းကင်ကိုဆန့်ကျင်၍ တိုက်ခိုက်နေသော ကြေးတောသားလေးပင်။

သို့သော်လည်း တကယ့်လက်တွေ့က တကယ့်လက်တွေ့ဖြစ်၍ ဒဏ္ဍာရီထဲက ဇာတ်လမ်းလောက်တော့ ပြီးပြည့်စုံဖို့ မဖြစ်နိုင်ပေ။

အနည်းဆုံးတော့ ရှောင်ချန်းတွင် အောင်မြင်စွာ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပါချေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Onde histórias criam vida. Descubra agora