အခန်း ( ၇၂၁ ) ရှေးဟောင်းအပျက်အယွင်းများ၊ ရွက်လွှာကိုးခု ဓားမြက်၊ မြက်စကားလုံးဓားပညာ၊ အရပ်ရပ်မှ အင်မော်တယ် အမွေခံများ အာရုံစိုက်ကြခြင်း။
ဖှေးလင်ကြယ်တွင်၊ ပါရမီရှင် အများအပြားတို့ သူတို့ရှေ့မှမြင်ကွင်ကြောင့် ကြက်သေသေသွားခဲ့ကြသည်။
ဖူရှီအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များ သူတို့၏ အရိုးများကျိုးကာ ကျင့်ကြံခြင်းအခြေခံများလည်း ပျက်စီးသွားခဲ့ကြလေသည်။ ဤအခိုက်တွင် သူတို့က အခြေအနေ အတော်ဆိုးနေခဲ့ရသည်။
ထိုမြင်ကွင်းမျိုးကို ကိုယ်တိုင်မမြင်ရပါက မည်သူမျှ ယုံနိုင်ကြမည် မဟုတ်ပေ။
ထို့ပြင် ကူတိကျစ်၏ မင်္ဂလာပွဲမတိုင်မီမှာ ဤကိစ္စများ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။"ဒီချီယိုအင်မော်တယ်မျိုးရိုးရဲ့ ဆက်ခံသူက နည်းနည်း ကြမ်းလွန်းတယ် မဟုတ်လား"
လူများစွာတို့ အံ့ဩသွားကြသည်။
အတွင်းဇာတ်လမ်းကို အတော်အတန် နားလည်သူတချို့လည်း သံသယဖြင့် ပြောလိုက်၏။
"မဟုတ်သေးဘူး။ အရင်တုန်းက ချီလေ့နဲ့ ကူတိကျစ်တို့ ပြဿနာရှိဖူးတာ မှန်ပါတယ်၊ ဒါပေမဲ့ ကူတိကျစ်က အမြဲဖိနှိပ်ထားနိုင်ခဲ့တာ။ အခုမှ ချီလေ့က ဘာဖြစ်လို့ ဒီလောက်အားကောင်းလာတာလဲ"ယင်းက လူတော်တော်များများကို သံသယဖြစ်စေခဲ့သည်။
ဖူရှီအင်မော်တယ်မျိုးရိုးက ချီယိုအင်မော်တယ်မျိုးရိုးကို လွှမ်းမိုးထားခဲ့သည်။
ထို့ကြောင့်ပင် ချီလေ့က ကူတိကျစ်နှင့် ပြဿနာရှိသော်လည်း အချိန်တိုင်းတွင် ခြေတစ်လှမ်း နောက်ဆုတ်ပေးခဲ့၏။
ယခုတော့ ချီလေ့ နိုးထလာပြီလော။
လူတချို့က စိတ်ဝင်စားသော မျက်လုံးများနှင့် လိုက်လာခဲ့ကြသည်။ယနေ့တွင် ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ရလိမ့်မည်။
ကျွင်းရှောင်ယောက်ကတော့ စိတ်အတွေး အမျိုးမျိုးနှင့် အခြားသူများကို လျစ်လျူရှုကာ ဖူရှီအင်မော်တယ်မျိုးရိုး၏ အဆောက်အဦးဆီသို့ အေးအေးလူလူ လမ်းလျှောက်သွားခဲ့သည်။အကယ်၍ ကျွင်းရှောင်ယောက်သည်သာ ချီလေ့၏အထောက်အထားဖြင့် မလာရောက်ပါက ဖှေးလင်ကြယ်သို့ ဝင်ရောက်ရန်အပထား၊ မရောက်မီပင် ဝန်းရံခံလိုက်ရလိမ့်မည်။
'ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ အနေအထားက တကယ်မဆိုးဘူး'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။
အင်မော်တယ်တောင်များ များစွာရှိပြီး လှိုင်းခတ်နေသည့် ဝိညာဉ်ရေကန်များလည်း ရှိသည်။
၎င်းတို့ကြားတွင် ရှားပါးပြီး ထူးခြားဆန်းပြားသော သားရဲတိရိစ္ဆာန်များ သွားလာနေကြ၏။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...