အပိုင်း ၁၂

1.1K 97 2
                                    

အခန်း ( ၁၂ ) ရှေးဟောင်းတိုင်းပြည်မှ မင်းသမီးလေး ဆေးတောင်းခံလာခြင်း၊ ဒီလူ ငါ့ကို တပ်မက်နေတာများလား။

မီးတောက်စီရင်စုဟာ ‌ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ စီရင်စုသုံးထောင်အနက် တစ်ခုဖြစ်သည်။

မီးတောက်စီရင်စုက ကျွင်းမိသားစုတည်ရှိသော ဧကရာဇ်စီရင်စုနှင့်ယှဉ်လျှင် အလွန်သေး၏။ ၎င်းက ဧကရာဇ်စီရင်စုဧရိယာ၏ တစ် ရာခိုင်နှုန်းခန့်သာ ရှိပေသည်။

၎င်းက ဧကရာဇ်စီရင်စု၏ တစ် ရာခိုင်နှုန်းသာဖြစ်သော်လည်း မီးတောက်စီရင်စုဟာ အလွန်ကြီးမားနေဆဲပင်။

မီးတောက်စီရင်စုတွင် ဧကရာဇ်စီရင်စုကဲ့သို့ အင်အားစုများစွာ မရှိပေ။

မီးတောက်စီရင်စုတစ်ခုလုံးကို ဖီးနစ်ရှေးဟောင်းတိုင်းပြည်က အုပ်ချုပ်သည်။

ဖီးနစ်ရှေးဟောင်းတိုင်းပြည်ဟာ ရှည်လျားသောသမိုင်းကြောင်းရှိသည့် ရှေးဟောင်းတိုင်းပြည်ကြီးတစ်ခု ဖြစ်သည်။ ၎င်းက ရှေးဟောင်းမင်းမျိုးနွယ်မိသားစုကြီးများကို မယှဉ်သာသော်လည်း အလွန်ကြွယ်ဝကာ နာမည်ကျော်ကြား၏။

ဖီးနစ်ရှေးဟောင်းတိုင်းပြည်အပြင် နဂါးရှေးဟောင်းတိုင်းပြည်၊ ကျား ရှေးဟောင်းတိုင်းပြည်၊ လိပ်ရှေးဟောင်းတိုင်းပြည်များလည်း ရှိနေပါသေးသည်။

၎င်းရှေးဟောင်းတိုင်းပြည်လေးခုက မူလရှေးဟောင်းတိုင်းပြည်လေးခုအဖြစ် ကျော်ကြားကြပေသည်။

ဖီးနစ်ရှေးဟောင်းတိုင်းပြည်... တော်ဝင်နန်းတော်အတွင်းရှိ ရွှေရောင်ခန်းမကြီးတစ်ခုတွင်...

အနီရောင်ဖီးနစ်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ့ပုံစံကတော့ အားရစရာမရှိပေ။ သူဟာ ရောဂါတစ်ခုကို ခံစားနေရဟန်ဖြင့် အရှိန်အဝါများပင် အလွန်အားနည်းနေခဲ့ပြီ ဖြစ်သည်။

၎င်းမူကား ရှေးဟောင်းဖီးနစ်ဘုရင်ပင်တည်း။

ကုတင်နံဘေးတွင်မူ လှပသော မိန်းမပျိုတစ်ဦး ရပ်နေသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ