အပိုင်း ၃၇၁ မှ ၃၇၅

659 54 1
                                    

အခန်း ( ၃၇၁ ) တားမြစ်အင်မော်တယ် တံဆိပ်ခုနစ်၊ အောင်မြင်စွာ တားမြစ်နိုင်ပြီ၊ မဖြစ်နိုင်သော အံ့ဖွယ်အမှုတစ်ခု။

သုသာန်သတ္တဝါများကလည်း ဤမျှမမိုက်မဲဘဲ ကျွင်းရှောင်ယောက်၏ လုပ်ရပ်များကို မြင်တွေ့ခဲ့ရသည်။

ကျွင်းရှောင်ယောက်က ကြောက်စရာကောင်းသော တံဆိပ်ခတ်ခြင်းနည်းပညာကို ဆုပ်ကိုင်ထားနိုင်ခဲ့ပေသည်။

သို့သော်လည်း သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ဤတံဆိပ်တော်စွမ်းအားကို အပြည့်အဝမပြသနိုင်ပေ။

ထို့ကြောင့်ပင် လီရှင်းနှင့် အခြားသူများ၏ အင်အားကို အသုံးပြုရန် လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
   
သို့သော်လည်း ဤသည်ကပင် တုန်လှုပ်ချောက်ချားစရာ အကောင်းဆုံး ဖြစ်၏။

နတ်မီးတောက်နယ်ပယ်၌သာရှိသော ကျွင်းရှောင်ယောက်က လီရှင်းနှင့် အခြား ထိပ်သီးတန်ခိုးရှင်များထံမှ စွမ်းအားကို ခံယူရန် ဟန်ပြင်နေသည်။

ယုတ္တိဗေဒအရပြောရလျှင် ဤသည်က လုံးဝ မဖြစ်နိုင်ပါချေ။

နတ်မီးတောက်နယ်ပယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ရေကန်တစ်ခုနှင့် တူသည်။

လီရှင်းနှင့် အခြားသူများ၏ ကျင့်ကြံခြင်းအခြေခံကတော့ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် လီရှင်းနှင့် အခြားသူများသာ ကျွင်းရှောင်ယောက် ခန္ဓာကိုယ်ထဲသို့ စွမ်းအင်သွန်းလောင်းထည့်လိုက်လျှင် ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးနိုင်ခြေက အလွန်များသည်။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်ကို ရူးသွပ်နေပြီဟု အားလုံး ထင်သွားခဲ့ကြသည်။

အရူးမှသာ ဤမျှ မိုက်မဲသော အကြံအစည်တစ်ခု ပေါ်လာပေလိမ့်မည်။    

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားနိုင်ပေမယ့် သေချင်နေတယ်။ သူ တကယ် ရူးနေပြီပဲ"

"ဟုတ်တယ်၊ သူ့ရဲ့ စွမ်းရည်နဲ့ ကျင့်ကြံခြင်းအခြေခံအရ အသက်ကိုစတေးပြီး လုပ်နေတာပဲ"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ