အခန်း ( ၆၂၁ ) မြွေလူသားမျိုးနွယ်၏ မဟာသူတော်တစ်ပိုင်း ပညာရှင်၊ မီးလျှံမြွေစစ်သူကြီး၊ ရန်ယုမန်၏ အကျပ်အတည်း။
အစောပိုင်းတွင် ရန်ယုမန်က ကျွင်းရှောင်ယောက်၏ တာအိုဉာဏ်အလင်း၏ တံဆိပ်အတွက် အချက်အလက်အချို့ကို ဖလှယ်ခဲ့သည်။
၎င်းကို သန့်စင်ပြီးနောက် သူသည် အဆုံးစွန် ရှေးဟောင်းလမ်းကို စတင်ခဲ့၏။
သို့သော်လည်း အဆုံးစွန်ရှေးဟောင်းလမ်းကို လျှောက်လှမ်းပြီးနောက်၊ ရန်ယုမန်ဟာ ရှေးဟောင်းလမ်း၏ ရက်စက်မှုကို သဘောပေါက်ခဲ့ရသည်။
နတ်ဆိုးဘုရားနန်းတော်၏ နတ်ဘုရားမပင် ဖြစ်လင့်ကစား၊ သူဟာ စွမ်းအားမရှိသလို တစ်ချိန်လုံးသတိထားနေခဲ့ရပေသည်။
ယင်းကြောင့် မာနကြီးနေသော ရန်ယုမန်၏ စိတ်ထဲတွင် ခဏတာ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။နောက်ဆုံးတွင်၊ သူမက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းမှ ရပ်တည်နေခဲ့သူ ဖြစ်သည်။
ယခုတော့ အဆုံးစွန်ရှေးဟောင်းလမ်းတွင် အခက်တွေ့နေခဲ့ရပြီ။
သို့သော်လည်း၊ ရန်ယုမန်သည် စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ဆက်လက်လျှောက်လှမ်းလာခဲ့သည်။
ဤသို့ဖြင့် လမ်းတွင် ထိုက်အယ်ဘုရားကျောင်းမှ အခွင့်အလမ်းအကြောင်းကို သတင်းရခဲ့၏။ ထို့ကြောင့် သူမ၏ခွန်အားကို ပြောင်းလဲရန် အခွင့်အလမ်းတချို့ ရနိုင်မလားဟု တွေးရင်း လာရောက်ခဲ့ခြင်း ဖြစ်သည်။သူမက သခင်လေးဖုယွင်၏ ကျွန်သင်္ဘောကိုတွေ့၍ ထိုသင်္ဘောနှင့်ပင် ထျန်းမင်ရှေးဟောင်းကြယ်ကို လိုက်ပါခဲ့ခြင်း ဖြစ်ချေသည်။
ကျွန်လှေ၏အမြန်နှုန်းက ရန်ယုမန်ကိုယ်တိုင်ထက် အဆများစွာပိုမြန်သလို ပို၍ ဘေးကင်းသည်။
ထို့ကြောင့်ပင် ရန်ယုမန်က ကျွန်သင်္ဘောနှင့် လမ်းကြုံလိုက်ခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်တွင်၊ သခင်လေးဖုယွင်က ယဉ်ကျေးစွာ စကားပြောနေသော်လည်း...
သူ့မျက်လုံးများကတော့ ရန်ယုမန်၏ အချိုးအစားကျသော ခန္ဓာကို မကြာခဏ ခိုးကြည့်လေ့ ရှိသည်။
အထူးသဖြင့် သေးသွယ်ပြီး ကြွေဖယောင်းကဲ့သို့ ကျောက်စိမ်းခြေထောက်များကို ဖြစ်သည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...