အပိုင်း ၄၈

865 75 0
                                    

အခန်း ( ၄၈ ) ကျွင်းဝမ်ကျဲ တိုက်ခိုက်ခြင်း၊ လင်းလုံ ဒဏ်ရာရသွားတယ်၊ သူတော့ ဒုက္ခများပြီ

"ဟမ်"
ကျွင်းလင်းလုံ၏ လှပသောမျက်လုံးများက ကျဉ်းမြောင်းသွားကာ ‌တစ်ချက်ဝေ့ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူကလည်း ကျွင်းမိသားစုမှ ပါရမီရှင်တစ်ဦးပင် မဟုတ်ပါလော။ သူက ကျွင်းရှောင်ယောက်လောက် နာမည်မကျော်ကြားသော်လည်း အတော်တန် နာမည်ကြီးသူဖြစ်နေဆဲပင်။

သူမကို ပစ်မှတ်ထားဝံ့သူက အလွန်ရှား၏။

ဤမြူနက်များနှင့်လူငယ်ဟာ သဘာဝအရ ကျွင်းဝမ်ကျဲ၏နောက်လိုက် ဟေးတုပင် ဖြစ်သည်။

"ရှင်က... တိမ်မည်းကလန်ကမဟုတ်လား"
ကျွင်းလင်းလုံ မျက်မှောင်ကြုတ်လိုက်သည်။

ဝင်ပေါက်ခုနစ်ခုနှလုံးသားနှင့် ဉာဏ်ပညာကြီးမားသော ကျွင်းလင်းလုံဟာ အမှန်ပင် ဗဟုသုတကြွယ်ဝ၏။ တစ်ဖက်ကြည့်ရုံနှင့် ထိုလူက  တိမ်မည်းကလန်မှဖြစ်ကြောင်း သိလိုက်သည်။

သို့သော်လည်း ကျွင်းလင်းလုံဟာ ဟေးတုက ကျွင်းဝမ်ကျဲ၏ တပည့်ဖြစ်ကြောင်း မသိပေ။

နောက်ဆုံးမှာတော့ ကျွင်းလင်းလုံဟာ ကျွင်းဝမ်ကျဲအကြောင်းကို ဂရုမစိုက်ခဲ့ပါချေ။

"ဒီစိတ်ငြိမ်လက်ဖက်ရည်တွေကို ကျုပ်ဝယ်ထားပြီးပြီ..။ ခင်ဗျား ပြောစရာရှိလို့လား"
ဟေးတုက ကျွင်းလင်းလုံကို အထက်ဆီးမှ ကြည့်လိုက်သည်။

ကျွင်းလင်းလုံ၏ မျက်လုံးများလည်း အနည်းငယ် အေးစက်သွား၏။

ယင်းက သာမန်တိုက်ဆိုင်မှုတစ်ခု မဟုတ်တော့ပေ။

ဤတိမ်မည်းကလန်မှ ပါရမီရှင်ဟာ သူ့ကို ရည်ရွယ်ချက်ရှိရှိ လာရန်စနေခြင်း ဖြစ်သည်။

"ကျွန်မဘယ်သူဆိုတာ ရှင်သိလား"
ကျွင်းလင်းလုံအသံက အနည်းငယ်အေးစက်သွားကာ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

သူဟာ ကျွင်းရှောင်ယောက်နှင့် တွေ့သောအခါမှ အညံ့ခံခဲ့ခြင်း ဖြစ်ပေသည်။

ဤမတိုင်မီကဆိုလျှင် သူက ကျွင်းမိသားစု၏ မြင့်မြတ်မိန်းမပျိုအဖြစ်နှင့် ကျွင်းကျန်းကျန့်ကိုပင် ငြင်းပယ်ထားခဲ့သူ ဖြစ်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now