၅၄၆ - ၅၅၀

607 70 0
                                    


အခန်း ( ၅၄၆ ) ဟူလောင်ဂိတ်သို့ သွားခြင်း၊ ငရဲကြယ် အခွင့်အလမ်း၊ ပါရမီရှင် အသီးသီး၏ နောက်လိုက်များ ပေါ်လာသည်။

'နောက်ဆုံးတော့ သခင် နတ်ဘုရားသားတော်က အင်မော်တယ်စွမ်းအင်ကို သိပ်သည်းစပြုနေခဲ့ပြီပေါ့'
မူယွဲ့ဟန်က တွေးလိုက်သည်။

ရွှေတောင်ပံဘုရင်ကတော့ အနည်းငယ် ဦးညွတ်ကာ ပြောလိုက်၏။
"တကယ်ကို တိုက်ဆိုင်တာပဲ နတ်ဘုရားသားတော်။ ဧကရာဇ်လမ်းရဲ့ ဆယ့်နှစ်ခုမြောက် ဂိတ်ဖြစ်တဲ့ ဟူလောင်ဂိတ်မှာ ငရဲကြယ်ပွင့်တော့မှာပါ။ အဲဒီနေရာမှာ အင်မော်တယ်ခြင်ဆီ ရှာတွေ့နိုင်တယ်"

"ငရဲကြယ်၊ အင်မော်တယ်ခြင်ဆီလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

သူသည် ငရဲကြယ်အကြောင်း သိပ်မသိသော်လည်း အင်မော်တယ်ခြင်ဆီ အကြောင်းကိုဝောာ့ သိသည်။

၎င်းက အင်မော်တယ်အရင်းမြစ်ထက် ပို၍ အဆင့်မြင့်မားသော ကျင့်ကြံခြင်း အရင်းအမြစ်တစ်ခုပင်။

အဓိပဓိများပင်လျှင် အင်မော်တယ်ခြင်ဆင်ကို ကျင့်ကြံရန်အတွက် အသုံးပြုနိုင်သည်။

သို့သော်လည်း အင်မော်တယ်ခြင်ဆီသည် အလွန်ရှားပါး၏။ ကျယ်ပြောသော ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှာပင် ဤရတနာမျိုးက ရှားပါးသည်။

ထို့ကြောင့်၊ ၎င်းကို ကောင်းကင်အရင်းမြစ်နှင့် အင်မော်တယ်အရင်းမြစ်များကဲ့သို့ ငွေကြေးအဖြစ် အသုံးမပြုနိုင်ပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ အင်မော်တယ်ခြင်ဆီကို ရရှိနိုင်မည့် နေရာတစ်ခု ဧကရာဇ်လမ်းတွင် ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါချေ။

သို့သော်လည်း ငရဲကြယ်သည် နာမည်အတိုင်း အင်မတန် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်သေးပါ။ သူက အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခုဖြစ်သော ကြေးအင်မော်တယ်နန်းတော်ထဲသို့ပင် ဝင်ဝံ့ခဲ့သည်။ ဤငရဲကြယ်လေးကို အဘယ်ကြောင့် ကြောက်ရပါမည်နည်း။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now