အခန်း ( ၁၅၆ ) မြင့်မြတ်ဝိညာဉ် လူဝင်စား၏ အကြွင်းအကျန်၊ ပြန်လည်ဝင်စားခြင်း၏ စစ်မှန်သော အဓိပ္ပာယ်၊ ပါရမီရှင်အားလုံး တုန်လှုပ်ကြခြင်း။
သူမ၏အမြင်တွင် လေးဆယ့်ကိုးထပ်က ကန့်သတ်ချက်ဖြစ်နေပြီ ဖြစ်သည်။
အလွှာငါးဆယ်ကိုတော့ ကျိချင်းရီဟာ တွေးပင်မတွေးဝံ့ပေ။
ကျွင်းရှောင်ယောက်က လေးဆယ့်ကိုးလွှာတွင် ခြေချနိုင်လျှင်ပင် ကျိချင်းရီ မအံ့ဩပါ။
ကောင်းကင်တာအမျှော်စင် အပြင်ဘက်ရှိ ကျွင်းရှောင်ယောက်၏ သဘာဝပုံရိပ်က သူ့ပါရမီနှင့် ခွန်အားကို သက်သေပြဖို့လုံလောက်သည်။
"ချင်းရီကိုလည်း ချန်ထားခဲ့လို့ မရဘူး"
ကျိချင်းရီက ခိုင်ကြည်သောလေသံကလေးဖြင့် ဆိုသည်။သူက မိန်းကလေးဖြစ်သော်လည်း သူမ၏ စရိုက်ကတော့ နတ်သမီးတစ်ပါးကဲ့သို့ ကွဲပြားသည်။
သို့တိုင် အနိုင်ရချင်သောဆန္ဒတော့ ရှိနေပါသေးသည်။
နောက်ဆုံးမှာတော့ ကြီးကျယ်ခမ်းနားသည့် ပြိုင်ဆိုင်မှုကမ္ဘာကြီးတွင် တခြားသူများနှင့် ယှဉ်ပြိုင်နိုင်မှသာလျှင် မိမိတာအိုကို သက်သေပြနိုင်မှာဖြစ်သည်။
ထို့ကြောင့် ကျိချင်းရီလည်း သူ့တာအိုကို သက်သေပြလိုခဲ့ပေသည်။
သူက ကျောက်စိမ်းကဲ့သို့ လက်ကလေးကိုဆန့်ထုတ်ကာ အင်မော်တယ်ဝိညာဉ်တံဆိပ်ဖြင့် မြူခိုးများအား တွန်းထုတ်လိုက်သည်။
ကောင်းကင်တာအိုမျှော်စင်တွင် အားလုံးက လေးဆယ့်ကိုးထပ်တွင် ခြေချနိုင်ရန် ကြိုးကြိုးစားစား လုပ်ဆောင်နေခဲ့ကြပေသည်။
ကျွင်းရှောင်ယောက်ကတော့ အလွှာငါးဆယ်ကို ရှင်းလင်းနေ၏။
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည့်အခါ အဝေးမှ သဲကန္တာရထဲတွင် ရှေးဟောင်းပုံရိပ်တစ်ခု ထွက်ပေါ်လာကြောင်း မြင်လိုက်ရသည်။
ပိတ်ချောဝတ်စုံကို ၀တ်ဆင်ထားသော ထိုပုံရိပ်သည် ပိန်ပိန်ပါးပါးရှိ၏။
ကျွင်းရှောင်ယောက်လည်း မျက်လုံးအရောင်လက်သွားလေသည်။
သို့ရာတွင် ထိုလူသေပုံရိပ်နှင့် နီးကပ်လေလေ ကျွင်းရှောင်ယောက်အဖို့ ဖိအားများလေလေ ဖြစ်သည်။
BINABASA MO ANG
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...