အခန်း ( ၇၆၁ ) ချင်ဝူတောက်ကို ပြည်နှင်ခြင်း၊ လျစ်လျူရှုခံထားရသော ယွီယွင်ရှန့်၊ ကျွင်းမိသားစု၏ ဝှက်ထားသော သွေးကြောများ သတင်း။
ပြီးပြည့်စုံသော လွမ်ကုအဆောင်ကို ရရှိပြီးနောက် ကျွင်းရှောင်ယောက် စိတ်ကျေနပ်သွားသည်။
လွမ်ကုဧကရာဇ်အဆောင်က ဧကရာဇ်လက်နက်များထဲတွင် ထူးခြားမှုမရှိသလို တိုက်ခိုက်နိုင်စွမ်းကလည်း သာမန်ပင်။
သို့ရာတွင် ရှင်သန်နိုင်စွမ်းကတော့ လုံးဝကို ထိပ်တန်း ဖြစ်သည်။လွမ်ကုဧကရာဇ်အဆောင်ရှိပါက ခန္ဓာပျက်စီးပြီး ရှေးဦးဝိညာဉ် ပြိုကွဲသွားလျှင်ပင်...
ဝိညာဉ်မီး အရိပ်အမြွက်များ ရှိနေသေးသရွေ့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်သည်။
ကျွင်းရှောင်ယောက်ဟာ လွမ်ကုဧကရာဇ်က ဘဝတစ်လျှောက်လုံး တိုက်ခိုက်နေရသော်လည်း ရှင်သန်နေသေးခြင်းကို ကောင်းစွာ နားလည်ပေသည်။
အကြောင်းမှာ သူ၏ ရှင်သန်နိုင်စွမ်းက အားကောင်း၍ ဖြစ်သည်။ကျွင်းရှောင်ယောက်သည် သူက လမ်းတစ်လျှောက်လုံးကို အလျားလိုက်တွန်းလာသော်လည်း မတော်တဆမှုမျိုး မကြုံရပါဟု အာမမခံနိုင်ပေ။
လွမ်ကုဧကရာဇ်အဆောင်က သူ့အတွက် ကြီးမားသော အာမခံချက်တစ်ခု ဖြစ်သည်။အတွေးတစ်ခုဖြင့် လွမ်ကုဧကရာဇ်အဆောင်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားလေသည်။
ကျွင်းရှောင်ယောက်က ယခုအချိန်မှာတော့ လွမ်ကုဧကရာဇ်အဆောင်၏ စွမ်းအားကို မထုတ်နိုင်သေးပါ။
သို့ရာတွင်၊ သေခြင်းရှင်ခြင်း အချိန်များတွင် လွမ်ကုဧကရာဇ်အဆောင်က သခင်ကို အလိုအလျောက် ကာကွယ်ပေးမည်ဖြစ်၍ စိတ်ပူစရာမလိုတော့ပေ။
ထိုအချိန်တွင် ချင်ဝူတောက်က ပြန်လည်ဝင်စားခြင်း ဘေးဒုက္ခမှ ရုန်းထွက်လာခဲ့သည်။
သူ သတိပြန်ဝင်လာချိန်တွင် လွမ်ကုဧကရာဇ်အဆောင်က ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားတာကို မြင်လိုက်ရ၏။
သူ့စိတ်ထဲမှာလည်း ဗလာဖြစ်နေကြောင်းကို သူခံစားမိသည်။
BẠN ĐANG ĐỌC
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Phiêu lưuဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...