အပိုင်း ၇

1.3K 110 0
                                    

အခန်း ( ၇ ) ငါက ကောင်းကင်ဧကရာဇ်၊ ရန်သူအားလုံးကို သုတ်သင်မယ်

"ငါ့နောက်ကို လိုက်ချင်တာလား"
ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားသည်။

ကျွင်းလင်းလုံ၏အတွေးများကို သူတကယ် မခန့်မှန်းနိုင်ပေ။

နောက်လိုက်ဖြစ်ချင်လျှင် လူအလွန်များ၏။

ကျွင်းမိသားစု၏ ထိပ်တန်းစီကွမ်ဆယ်ယောက်တွင်လည်း သာမန်မဟုတ်သော နောက်လိုက်များစွာ ရှိပေသည်။

ကျွင်းမိသားစုတွင်းမှ ပါရမီရှင်ကို ရွေးချယ်နိုင်သကဲ့သို့ ပြင်ပမှလည်း ခေါ်ယူနိုင်သည်။

ဤနောက်လိုက်များနှင့် ခေါင်းဆောင်များဟာ အနာဂါတ်တွင် အရေးပါသော အင်အားစုများ ဖြစ်လာ‌ပေလိမ့်မည်။

သူ့ဖခင်ကျွင်းဝူဟွေ့ပင်လျှင် တချိန်က မျိုးနွယ်ရှစ်ခု နတ်ဘုရင်ဟု လူသိများသော နောက်လိုက်အုပ်စုတစ်ခု ရှိထားခဲ့သေး၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ငယ်ရွယ်သေးသောကြောင့် ဤအကြောင်းကို သိပ်ဂရုမစိုက်ပေ။

"ဘာကြောင့်လဲ"
ကျွင်းရှောင်ယောက် မေးလိုက်သည်။

ယင်းက အကြွင်းမဲ့ထာဝရနယ်ပယ်ကို သူ ချိုးဖျက်လိုက်ခြင်းကြောင့်ပင်လော။

"သဘာဝမသိစိတ်ကြောင့်ပါ"
ကျွင်းလင်းလုံ လေးလေးနက်နက် ပြောလိုက်သည်။

သူ့အနေဖြင့် တောက်ပသော အနာဂါတ်အတွက်ကြောင့်ဟုပြောရန် မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် ဖြစ်လာမည့် အကျိုးဆက်ကို သူမခံနိုင်ပါချေ။

"အလိုလိုသိစိတ်လား"
ကျွင်းရှောင်ယောက် ဆွံ့အသွား၏။

ကျွင်းလင်းလုံက တစ်ခုခုကို သိထားပုံရသော်လည်း သူက ရှင်းရှင်းလင်းလင်းမပြောပေ။

သို့ရာတွင် ကျွင်းလင်းလုံအကြောင်း သူကြားဖူးသည်။

သူက ဝင်ပေါက်ခုနစ်ခုနှလုံးသားနှင့် မွေးဖွားလာကာ မြင့်မားသော နားလည်နိုင်စွမ်းရှိ၏။ မည်သည့် ပညာရကိုမဆို အလွယ်တကူ သင်ယူနိုင်စွမ်း ရှိပေသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Onde histórias criam vida. Descubra agora