အပိုင်း ၄၃

975 73 1
                                    

အခန်း ( ၄၃ ) ဒုက္ခရောက်နေသော မိန်းမလှလေးကို ကယ်တင်မည့် ရှောင်ချန်း

စနစ်က လက်မှတ်ထိုးဝင်ရမည့် နေရာအသစ်ကို ပြန်စတင်လာမည်ဟု ထင်မထားခဲ့ပေ။

မည်သို့ဆိုစေ ပန်ဝူဂူဗိမာန်က အဓိပဓိယွမ်ထျန်း၏ ရတနာသိုက်နှင့် မတူညီတာတော့ သိသာသည်။

အဆုံးတွင် ပန်ဝူဂူဗိမာန်က ပန်ဝူနတ်ဘုရားမင်းဆက်၏ လျှို့ဝှက်နေရာပင် မဟုတ်ပါလား။ အပြင်လူတစ်‌ယောက်ကို ဘယ်လိုလုပ်ပြီး ဝင်ခွင့် ပြုပေးပါမည်နည်း။

ကျွင်းရှောင်ယောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"အဖိုး... ပန်ဝူ နတ်ဘုရားမင်းဆက်က သူတို့ရဲ့ လျှို့ဝှက်နယ်မြေကို အပြင်လူတွေ ဝင်ခွင့်ပြုပါ့မလား"

"အင်း... မင်းပြောတာမှန်ပါတယ်..၊ ဒါပေမဲ့ ငါကလည်း နည်းလမ်းရှိလို့ ပြောနေတာပေါ့..။ ဒါပေမဲ့လည်း သူတို့က ဝင်ခွင့်မပြုရင် မင်းရဲ့ အနာဂတ်အတွက် အတင်းအကြပ် ချိုးဖြတ်ဝင်ရောက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
ကျွင်းထျန်းက လွှမ်းမိုးနိုင်စွမ်းရှိစွာ ပြောလိုက်သည်။

"ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့"
ကျွင်းရှောင်ယောက် ဘာပြောရမည်မှန်း မသိတော့ပေ။

ကျွင်းမိသားစုမှ လူအားလုံးက ဤသို့ပင် လွှမ်းမိုးနိုင်စွမ်းအပြည့်နှင့် ပြုမူတတ်ကြပုံရသည်။

သို့တိုင် ကျွင်းရှောင်ယောက်ကတော့ ဖြစ်နိုင်လျှင် ဤကိစ္စကို မိမိဖာသာ ဆောင်ရွက်ချင်နေဆဲပင်။

'ပန်ဝူ မဟာဧကရာဇ်မှာသာ တကယ်လို့ ရှေးဟောင်းမြင့်မြတ်ခန္ဓာရှိရင်တော့ အတော် အဆင်ပြေတယ်..။ သူ့ဆီက အချက်အလက်တွေရရင် ငါ့အတွက် နည်းလမ်းတွေ ရှာနိုင်လာမှာ... ကံကောင်းရင် ဖြတ်လမ်းနည်းတောင် ရနိုင်တယ်'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာက အလွန်ရှားပါးကာ လူအနည်းငယ်သာ ပိုင်ဆိုင်ကြသည်။

၎င်းက အလွန်ရှားပါးသကဲ့သို့ ဧကရာဇ်ဖြစ်လာနိုင်သူဆိုလျှင် ပို၍ပင် ရှား၏။

နောက်ဆုံးတွင် လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ အချုပ်အနှောင်ရွှေကြိုးဆယ်ချောင်းကို မဖြတ်တောက်နိုင်ကြပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ