၄၄၆ - ၄၅၀

617 55 6
                                    

အခန်း ( ၄၄၆ ) အင်အား အားလုံးကို ပေါင်းစည်းခြင်း၊ နောက်ဆုံး ရှေးဟောင်းလူထူးဆန်း၏ အိပ်စက်ရာနေရာကို တွက်ချက်နိုင်သွားပြီ၊ လဲ့မင်ယွမ် တိတ်တဆိတ် ကျင့်ကြံရာမှ ထွက်လာသည်။

အနက်ရောင်ဝတ်လူငယ်က အမှန်တကယ် ဆမ်ဆာရာ နတ်ဆိုးဂိုဏ်းမှ ရှေးဟောင်းလူထူးဆန်း ဝမ့်ချွမ် ဖြစ်သည်။

ရှေးဟောင်းလူထူးဆန်းတစ်ယောက်အနေဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံက ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်နေခဲ့ပြီ။

သူဟာ အလွန်မြင့်မြတ်သူဖြစ်သော်လည်း ကျွင်းရှောင်ယောက်က သူ့အပေါ်တွင် ကျွန်အမှတ်အသားပြုခဲ့သည်။

ပထမတော့ ဝမ့်ချွမ်ဟာ ထိုအနေအထားနှင့် အနည်းငယ် အဆင်မပြေသေးပေ။

သို့ရာတွင် အချိန်ကြာလာသည့်အခါမှာတော့ ဘာမှ မခံစားရတော့ပါချေ။

ကျွင်းမိသားစုက သူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံဘဲ ရှေးဟောင်းလူထူးဆန်းတစ်ဦး၏ အခွင့်အရေးများစွာလည်း ပေးအပ်ခဲ့ကြသည်။

ဤဆက်ဆံပုံမှာ ကျွန်တစ်ယောက်ထက် များစွာ သာလွန်လှပေသည်။

သို့သော်လည်း ရံဖန်ရံခါမှာတော့ ဝမ့်ချွမ်ဟာ အမှီအခိုကင်းသည့် အချိန်များကို လွမ်းဆွတ်နေဆဲပင်။

ထိုအချိန်တွင် အဝေးမှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဆမ်ဆာရာမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ ဆမ်ဆာရာနတ်ဆိုးဂိုဏ်းရဲ့ ရှေးဟောင်းလူထူးဆန်းက မျှော်လင့်ထားသလိုပါပဲ။ ကျင့်ကြံခြင်းအခြေခံက ကောင်းကင် နတ်ဘုရားအဆင့်ကို ရောက်ရှိသွားခဲ့ပြီ"

အသံကြား၍ ဝမ့်ချွမ် လှည့်ကြည့်လိုက်ရာ ကျွင်းဝူရှန့်၊ ရီယုနှင့် ရန်ချင်းယင်ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
   
"မင်းပဲ…"
ဝမ့်ချွမ် လှည့်ကြည့်လိုက်ရာ ကျွင်းရှောင်ယောက် မပါဝင်ကြောင်း မြင်တွေ့လိုက်သည်။

ကျွင်းဝူရှန့်လည်း ဝမ့်ချွမ်ကိူ အကြောင်းရာများအား တိုက်ရိုက် ပြောပြလိုက်လေသည်။

ဝမ့်ချွမ်လည်း ခဏတာမျှ စဉ်းစားလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ဤအခြေအနေက အလွန်အန္တရာယ်များကြောင်း ပိုင်းခြားသိမြင်နိုင်သည့် မျက်လုံးရှိကြသူတိုင်း သိကြသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ