အခန်း ( ၂၈၆ ) မင်းမတတ်နိုင်ရင် ဒီနတ်ဘုရားသားတော်က မင်းဆန္ဒအတိုင်း ဖြစ်စေမယ်။
ယင်းက ဧကရာဇ်လက်နက်ဖြင့် ကြက်တစ်ကောင်ကို သတ်ဖြတ်ခြင်း ဖြစ်သည်။
ယေဘူယျအားဖြင့် ပြောရလျှင် ၎င်းက အင်မော်တယ် အင်အားစုတစ်ခု၏ အမွေအနှစ်ဖြစ်ပြီး ၎င်းတို့ကို အသုံးပြုရန် မလွယ်ကူပေ။
၎င်းကို အင်မော်တယ်စစ်ပွဲ၊ သေခြင်းရှင်ခြင်း သို့မဟုတ် အင်ေမာ်တယ် အင်အားစုတစ်ခု၏ ကံကြမ္မာနှင့် ပတ်သက်နေ၍ မဟုတ်ပါက၊ အသုံးပြုကြခဲလှသည်။
မဟုတ်လျှင်လည်း မည်သူက ဧကရာဇ်လက်နက်ကို သွားလေရာ တကောက်ကောက် သယ်သွားနေလိမ့်ပါမည်နည်း။
ဤအကြောင်းကြောင့်ပင် ဧကရာဇ်လက်နက်များက ကမ္ဘာပေါ်တွင် မရှိသလောက်ရှားနေခြင်း ဖြစ်သည်။ကျင့်ကြံသူ အများစုဆိုလျှင် ၎င်းတို့၏ တစ်သက်လုံးမှာပင် ဧကရာဇ်လက်နက်ကို မမြင်ဖူးကြပါချေ။
ယခုမူ၊ အင်အားစုများစွာနှင့် များပြားလှသောသတ္တဝါများရှေ့တွင် ကျွင်းရှောင်ယောက်က ပန်ဧကရာဇ်ဓားကို တိုက်ရိုက်ထုတ်ဖော်လာခဲ့ပြီ ဖြစ်သည်။
အရေးကြီးဆုံးကတော့ ဤဧကရာဇ်လက်နက်သည် ကျွင်းမိသားစုနှင့် မသက်ဆိုင်ဘဲ ကျွင်းရှောင်ယောက်ကိုယ်ပိုင် ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
ယင်းက အလွန်ကြောက်စရာကောင်းသည်။
ဘိုးဘေးနဂါးသိုက်တွင် ဧကရာဇ်လက်နက်များရှိသော်လည်း ဤအဆင့်တိုက်ပွဲတွင် မင်းသမီးလုံကျိကို ပေးသုံးရန် မဖြစ်နိုင်ပေ။
ကွာဟချက်က ကြီးလွန်းသည်။
"ဒါက ငါ့ဘဝမှာ ပထမဦးဆုံးအကြိမ် ဧကရာဇ်လက်နက်ကို တွေ့ဖူးတာပဲ၊ အလကားနေ အလကား မှတ်တမ်းတင်ထားဦးမှ"
သာမာန်အင်အားစုများ၏ ပါရမီရှင်များလည်း စိတ်လှုပ်ရှားစွာဖြင့် အလင်းနှင့်အရိပ်ကျောက်ကို ထုတ်ယူကာ အဝေးမှ တိုက်ပွဲမြင်ကွင်းကို မှတ်တမ်းတင်လိုက်ကြသည်။ဤအပြုအမူမျိုးက ရယ်စရာလို့ ထင်ရသော်လည်း မည်သူမျှ လှောင်ပြောင်ခြင်း မပြုပေ။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
ESTÁS LEYENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...