အပိုင်း ၉၆ မှ ၁၀၀

952 74 0
                                    

အခန်း ( ၉၆ ) ကြင်ရာရွေးပွဲ စတင်တော့မည်၊ အင်အားစုအသီးသီး ထွက်ခွာလာကြပြီ

နောက်ဆက်တွဲအစီစဉ်များကို စဉ်းစားပြီးနောက် ကျွင်းရှောင်ယောက်ဟာ ဧကရာဇ်ရထားအား ခေါင်းကိုးလုံးခြင်္သေ့ဆွဲကြီးကိုဆွဲစေကာ ပန်ဝူနတ်ဘုရားမင်းဆက်သို့ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။

သူဟာ ကျွင်းကျန်းကျန့်နှင့် ကျွင်းလင်းလုံတို့ကိုပင် မခေါ်ခဲ့ပေ။

အကြောင်းမှာ ဤတစ်ခေါက်တွင် သူတစ်ယောက်တည်း လှုပ်ရှားရမည်ဖြစ်ပြီး လူစုလူဝေးဖြင့် သွားရန်မသင့်သောကြောင့် ဖြစ်သည်။

ကျွင်းမိသားစုမှ ကျွင်းရှောင်ယောက် ထွက်လာသောအချိန်တွင်...

အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးသည်လည်း  တဖြည်းဖြည်း လှိုင်းထလာသည်။

လဝက်အကြာတွင် တားမြစ်မြို့တော်၌ ပန်ဝူနတ်ဘုရားမင်းဆက်က မင်းသမီးကြီးဝူမင်ယွဲ့အတွက် ကြင်ရာရွေးပွဲ ကျင်းပတော့မည်ဟူသောသတင်းကြောင့်ပင် အင်မော်တယ်မြေကြီး လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။

ထိုပွဲတွင် ပန်ဝူနတ်ဘုရားမင်းဆက်က အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးရှိ လူငယ်ပါရမီရှင်များကို ဖိတ်ခေါ်မည်ဖြစ်သည်။

ဤသတင်းထွက်လာသည်နှင့် တပြိုင်နက် တိမ်တိုက်များပင် လွင့်ပါးပျောက်ကွယ်ရသည်အထိ  မရေမတွက်နိုင်သော သင်္ဘောပျံများ၊ ဧကရာဇ်ရထား၊ ရှေးဟောင်းမိုးပျံသားရဲကြီးများဟာ ပန်ဝူနတ်ဘုရားမင်းဆက်သို့ ဦးတည်သွားကြတော့သည်။

အက်အားကြီး‌မားသော နတ်ဘုရားမင်းဆက်တစ်ခုမှ မင်းသမီးကြီးနှင့် လက်ထပ်ခြင်းဟာ အင်အားစုနှစ်ခုကြား မဟာမိတ်ဖွဲ့လိုက်ခြင်းဆိုက မှားမည်မဟုတ်ပါချေ။

ထိပ်တန်းအင်အားစုများကလည်း နတ်ဘုရားမင်းဆက်နှင့်လက်တွဲကာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းလိုကြသည်။

အင်မော်တယ်မိသားစုများ၊ နတ်ဘုရားမင်းဆက်များကတော့ မဟာမိတ်ဖွဲ့စည်းလိုကြ၏။

အင်မော်တယ်မိသားစုဆိုလျှင်ပင် အင်အား‌မတောင့်တင်းပါက တခြားအင်အားစုများ၏ ရန်ပြုခြင်းကို ခံကြရနိုင်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now