အခန်း ( ၂၇၁ ) မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်၊ ရူးသွပ်ဖွယ် အောင်မြင်မှုများ၊ ဆယ့်လေးနှစ်ဖြင့် တုန်ထျန်းနယ်ပယ်က နှေးလွန်းသည်။
ကျောက်စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်၏ တကိုယ်လုံးကို ရောင်စုံမီးတောက်များက တောက်လောင်သွားသည်။
ထိုရှီဧကရာဇ်မီးသည် အလွန်ပြင်းထန်သောကြောင့် အခြားပါရမီရှင်များဆိုလျှင် ကိုးဆယ်ရာခိုင်နှုန်းက ကျဆုံးသွားရမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ ကြိုတင်ပြင်ဆင်မှုတစ်စုံတစ်ရာမရှိဘဲ နီဗားနားနယ်ပယ်ကို တိုက်ရိုက် ချိုးဖြတ်ခဲ့ပေသည်။
ထို့နောက် တုန်လှုပ်စရာတစ်ခု ဖြစ်လာသည်။
ထိုရှီဧကရာဇ်မီးက ကျွင်းရှောင်ယောက်ကို မည်သည့်အန္တရာယ်မျှ မဖြစ်စေခဲ့ပေ။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးက ထိုရှီဧကရာဇ်မီးဖြင့် လောင်ကျွမ်းမှုဒဏ်ကို ခံစားခဲ့ရသည်။
သို့သော်လည်း သူ့အမူအရာက အနည်းငယ်မျှ မပြောင်းလဲဘဲ နာကျင်မှု အရိပ်အယောင်ပင် မရှိပေ။
သူပုံစံသည် တရားထိုင်နေသော ရဟန်းတစ်ပါးနှင့်ပင် တူလှသည်။ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲတွင် သန်မာသော သွေးနှင့် စွမ်းအားတို့က ဆူပွက်နေလေသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဝမ့်ချွမ်၊ ရှောင်မိုရှန်း၊ ကျိချင်းရီနှင့် အခြားသူများလည်း အံ့ဩလွန်း၍ ပါးစပ်ပင် ပြန်မစေ့နိုင်ကြတော့ပေ။နီဗားနားနယ်ပယ်သည် အခက်အခဲကြီး၍ ပြင်ဆင်မှုမရှိပါက ကျဆုံးသွားတတ်သည်။
သူတို့ကဲ့သို့ ထိပ်တန်း ပါရမီရှင်များသည်ပင် နီဗားနားနယ်ပယ်သို့ ချိုးဖြတ်ပါက ဆေးလုံး၊ အင်မော်တယ်ဆေးပင်၊ တာအိုကာကွယ်သူများ... စသည်တို့ကို လိုအပ်သည်။
ကျွင်းရှောင်ယောက်ကတော့ တစ်ယောက်တည်းဖြစ်ပြီး ဘာအကူအညီမှမပါဘဲ တိုက်ရိုက်စတင်ခဲ့ပေသည်။
သို့သော်လည်း သူ့အတွက် ဘာမန္တရာယ်မျှ ရှိပုံမရပေ။
"တာအိုရောင်းရင်း အစ်ကိုရှောင်ယောက်ကို နားလည်ပြီလို့ ငါထင်ခဲ့တာ၊ အခုတော့…"
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက ကျိချင်းရီကို ပြောစရာစကား ကင်းမဲ့သွားစေခဲ့သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...