အခန်း ( ၆၄၁ ) ကမ္ဘာခြားပြည်မှ ဓားပြဆယ့်သုံးယောက်၊ ဧကရာဇ်ခုနစ်ပါးမှ ကျူရှန်းဓားပြ။
"မင်း ငါတို့ကို သတိပြုမိပြီးသားပေါ့"
ဓားပြလေးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် အရိပ်နတ်ဆိုးဓားပြက အေးစက်စက်ဖြင့် ပြောလိုက်သည်။
၎င်းက စန်းချိုးရှေးဟောင်းကြယ်တွင် ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သူဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
"မင်းရဲ့ ပုန်းကွယ်မှုနည်းလမ်းတွေက ငါ့အမြင်မှာတော့ ပုန်းလျှိုးကွယ်လျှိုး ကစားနေတဲ့ ကလေးတွေနဲ့ မခြားဘူး"
ကျွင်းရှောင်ယောက်က ခေါင်းကိုခါယမ်းပြီး ပြုံးလိုက်သည်။ကျွင်းရှောင်ယောက်၏ ရှေးဦးဝိဉာဉ်သည် အလွန်အစွမ်းထက်၏။
သူ၏ မသိစိတ်မှ အာရုံခံစားမှုက သဘာဝအတိုင်း သာမန်လူများထက် ပို၍ သာလွန်သည်။
ရှေးဟောင်းစန်းချိုးမြို့တွင် ရှိစဉ်ကတည်းက ကျွင်းရှောင်ယောက်သည် အရိပ်နတ်ဆိုးဓားပြကို သတိပြုမိခဲ့သည်။
သူ့အမြင်တွင် အရိပ်နတ်ဆိုးဓားပြက ရေမြောင်းထဲမှ ကြွက်မျှသာဖြစ်ပြီး ဖော်ပြရန်ပင် မထိုက်တန်ပေ။ထို့ကြောင့်ပင် လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ထိုဓားပြလေးယောက်က သူ့ကို လှုပ်ရှားဝံ့သည့်အတွက် ကောင်းစွာ ကိုင်တွယ်ပေးရတော့မည်။
"သခင်လေးကို တိုက်ခိုက်ဝံ့တယ်၊ သေချင်နေတာပဲ"
ဘုရင်မမီဒူဇာ၊ မြွေစိမ်းစစ်သူကြီးနှင့် အခြားသူများလည်း တိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။"ဒီနေရာမှာ မင်းတို့အားလုံး သူတော်စင်တစ်ယောက်စရဲ့ အစွမ်းသတ္တိကိုပဲ ပြသလို့ရတာ မေ့မထားနဲ့ဦးလေ"
ကောင်းကင်စုန်းဓားပြက လှောင်ပြောင်ပြောဆိုလိုက်၏။၎င်းက အခြားဓားပြတစ်ဦးနှင့်အတူ ဘုရင်မမီဒူဇာနှင့် အခြားသူများကို တားဆီးလိုက်ကြသည်။
အရိပ်နတ်ဆိုးဓားပြနှင့် အခြားတစ်ယောက်မူကား ကျွင်းရှောင်ယောက်ကို တိုက်ခိုက်လိုက်တော့သည်။
"အရိပ်နတ်ဆိုး ဆင်းသက်ခြင်း"
"နတ်ဆိုးငယ်ကိုယ်ပွား"
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...