အခန်း ( ၃၄ ) ကျွင်းမိသားစုမှ စီကွမ်နှင့် ရှေးဟောင်းအင်ပါယာမိသားစုများမှ ပါရမီရှင်များ၊ လုံဟောက်ထျန်း အလစ်အငိုက် တိုက်ခိုက်ခြင်း
"ဝုန်း"
ရွှေရောင်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လက်ဖဝါးကြီးက ကောင်းကင်ပြိုကျသကဲ့သို့ ဖိချလိုက်သည် ။အရိုးထဲထိ အေးစက်သွားစေနိုင်သည့် အသံတစ်ချက်နှင့်အတူ ရွှေရောင်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လက်ဖဝါးကြီးအောက်မှ သွေးများ ပန်းထွက်လာ၏။
သွေးများဟာ လုံဟောက်ထျန်းကိုပင် ရွှဲစိုသွားတော့သည်။
ရက်စက်သည်။
ကြောက်စရာကောင်းသည်။
ဤအခိုက်တွင် အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။
စကားများရုံဖြင့် ကျွင်းရှောင်ယောက်က လန်ချင်းယာ့ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်မည်ဟု ထင်မထားခဲ့ကြပေ။
ထို့အပြင် သူက လုံဟောက်ထျန်းအရှေ့တွင် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုကြောင့် လုံဟောက်ထျန်း အနောက်ဆုတ်သွားရတာကိုလည်း လူတိုင်းတွေ့မြင်လိုက်ရ၏။
ယင်းက အနည်းငယ်သာ ဖြစ်သည့်တိုင် အကြောင်းရာတချို့ကို သိသွားကြစေသည်။
ရွှေရောင်လက်ဝါးကြီး ပျောက်ကွယ်သွားသောအခါ သွေးအလိမ်းလိမ်းနှင့် အသားပုံကြီးကိုသာ ကျောချမ်းဖွယ်ရာ မြင်လိုက်ရ၏။
မကြာသေးခင်ကမှ သူဟာ လှပနေသေးသည်။ ယခုတော့ မျက်စေ့တစ်မှိတ်အတွင်း အသားပုံတစ်ခုအသွင် ပြောင်းလဲသွားရပြီ ဖြစ်သည်။
လူအများဟာ ကျွင်းရှောင်ယောက်ကို တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်ကြသည်။
"နတ်ဘုရားတော်က တကယ်ပြတ်သားတာပဲ... သူက သတ်ချင်လာရင် မိန်းမသော ဘာသောမထားဘူး"
"ဒါကမှ နတ်ဘုရားသားတော်မှာရှိသင့်တဲ့ စရိုက်တစ်ခုပဲ..။ မိန်းမဆိုပြီး ငဲ့ညှာနေရင် အထင်သေးခံရလိမ့်မယ်"
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...