အခန်း ( ၁၉၁ ) ရှေးဦးနတ်ကြိတ်ဆုံဖြင့် ဝူကျိကြယ်သခင်ကိုချေမှုန်းခြင်း၊ မိုဖန်းအား ရိုက်သတ်လိုက်သည်၊ ရိတ်သိမ်းမှုကြီး။
ယခင်မျိုးဆက်၏ တန်ခိုးရှင်တစ်ဦး ဝူကျိကြယ်သခင်မှာ အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကိုပင် ပြဿနာများ ဖြစ်စေနိုင်ခဲ့သူ ဖြစ်သည်။
ယခုတော့ အလွန်တုန်လှုပ်နေပြီး သူ့ဝိညာဉ်ပင် တုန်ခါနေခဲ့ပြီ။
ယခုအချိန်တွင် သူက စိတ်ဝိညာဉ်ခန္ဓာတစ်ခုမျှသာ ဖြစ်သည်။ သူသည် ကျွင်းရှောင်ယောက်၏ အစစ်အမှန်ဝိညာဉ်ကို ချေမှုန်းပစ်လိုခဲ့သော်လည်း ဤသို့သောပြောင်းလဲမှုမျိုးဖြစ်လာရန် မျှော်လင့်မထားခဲ့ပေ။
ထိုအရိပ်ကြီးကတော့ နောက်ဆုံးတွင် အပြည့်အဝ ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။
၎င်းက သွေးများစွန်းထင်းနေကာ ရှေးဦးနတ်ဘုရားကြိတ်ဆုံကြီးတစ်ခုပင် ဖြစ်ချေသည်။
နတ်ဘုရားကြိတ်ဆုံကြီးက လည်လာသည်နှင့်အမျှ နတ်ဘုရားနှင့် နတ်ဆိုးများ၏ အော်ညီးသံများလည်း ထွက်ပေါ်လာရာ ကြားရသူတိုင်း အရိုးထဲထိ အေးစိမ့်သွားရစေနိုင်သည်။
ရှေးဦးဖရိုဖရဲနတ်ကြိတ်ဆုံကြီးက ရှေးဦးစိတ်ဝိညာဉ်ပုံရိပ်ဖော်ကျင့်စဉ်မှ ဆင်းသက်လာသော တိုက်ခိုက်ရေးနည်းလမ်းတစ်ခု ဖြစ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်မျိုးအတွက် အထိရောက်ဆုံး အရာမှာ အစစ်အမှန်ဝိညာဉ်များ၊ ဝိညာဉ်ကောင်များ စသည်တို့ဖြစ်သည်။ရုပ်ခန္ဓာကို ထိခိုက်နိုင်စွမ်းကတော့ လုံးဝမရှိပေ။
သို့ရာတွင် အစစ်အမှန်ဝိညာဉ်များ၊ ရှေးဦးဝိညာဥ်များ၊ ဝိညာဉ်များ စသည်တို့အတွက်မူကား ၎င်းမှာ နှစ်ရာ ရာခိုင်နှုန်း ထိခိုက်စေနိုင်စွမ်းရှိ၏။
ထို့ကြောင့် ဝူကျိကြယ်သခင် တုန်လှုပ်သွားသည်မှာ အံ့သြစရာမရှိပါချေ။"ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ"
ဝူကျိကြယ်သခင် ကြောက်ကြောက်နှင့် အော်ဟစ်လိုက်သည်။ထိုကြောက်မက်ဖွယ် ဖိနှိပ်မှု ခံစားချက်က သူ့ကို ပြိုလဲလုနီး ဖြစ်စေခဲ့၏။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Pertualanganဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...