အခန်း ( ၃၄၁ ) လန်ဟွမ်က ကြိုက်တာလား၊ သူက ငါ့ခန္ဓာကို လိုချင်မိရုံပဲ။
အဇူရာမိစ္ဆာနယ်မြေ၏ တော်ဝင်မြို့တော်တွင် ဖြစ်ပျက်ခဲ့သည်များက သင်္ချိုင်းမြေများတွင် ကောလဟာလများစွာ ထွက်ပေါ်လျက်ရှိသည်။
ကျွင်းရှောင်ယောက်က ဘုရင်ငယ်ဆယ်ပါးကို မကျေနပ်ရုံသာမကဘဲ သုဿာန်သတ္တဝါများစွာ၏ နာကြည်းမှုကိုလည်း နှိုးဆွပေးခဲ့၏။
ထာဝရသင်္ချိုင်းမြေတွင် မိန်းမလှ အနည်းငယ်သာရှိပြီး ရှားပါးလွန်းလှသည်။ ထို့ကြောင့် သုဿာန်သတ္တဝါအားလုံး မျက်စိကျစရာ ဖြစ်ခဲ့ရပေသည်။
သို့ရာတွင် ကျွင်းရှောင်ယောက်က ကြားဖြတ် လုယူသွား၏။ဤအရာက သုဿာန်သတ္တဝါအားလုံးကို ဒေါသဖြစ်စေခဲ့သည်။
"ကျွင်းမိသားစုရဲ့ ပါရမီရှင်က ဘုရင်ငယ်ဆယ်ပါးရဲ့ ပွဲကြီးမှာ သေချာပေါက် ပါဝင်ရလိမ့်မယ်၊ ဒီအခါကျရင် သူဘာကောင်လဲဆိုတာ ကြည့်ရသေးတာပေါ့"
"ပြောရရင် ငါတို့က သူ့ကို မကိုင်တွယ်နိုင်ပေမယ့် ဘုရင်ငယ်တွေထဲမှာတော့ သူ့ကို ကိုင်တွယ်နိုင်သူ တစ်ယောက်ယောက် ရှိမှာပါ"
"ဟုတ်တယ်၊ အလောင်းနဂါးမျိုးနွယ်ရဲ့ လုံရှန်း၊ ကောင်းကင်ဝါးမျို မိစ္ဆာစပါးအုံးမျိုးနွယ်က မိုလင်းနဲ့ ကျိုးရင်သားရဲကြီးတို့ဆိုရင် ကြွေလွင့်ငှက်မွှေး မြင့်မြတ်သားတော်ထက် အများကြီး အစွမ်းထက်ကြတာချည်းပဲ။ ဒါတောင် အမှောင်ဘုရင်နန်းတော်ရဲ့ အသျှင်ခန္ဓာ မပါသေးဘူး"
"ကျွင်းမိသားစုရဲ့ ပါရမီရှင် ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ ငါတို့ သုဿာန်သတ္တဝါအားလုံးကို ဖယ်ရှားနိုင်မှာလား"
ကျွင်းရှောင်ယောက်၏ ခွန်အားက အလွန်အားကောင်းသည်။ ဘုရင်ငယ်ဆယ်ပါး၌ပင် သူ့ကို ရင်ဆိုင်နိုင်သူက အနည်းငယ်မျှသာရှိကြောင်း သူတို့ ကောင်းစွာသိပေသည်။
သို့သော်လည်း ပါရမီရှင်အားလုံးကို အနိုင်ယူနိုင်သည် ဆိုလျှင်တော့ စိတ်ကူးယဉ်မှုတစ်ခုဖြစ်ပြီး မည်သူမျှ ယုံမည်မဟုတ်ပေ။ဤသို့ဖြင့် ဘုရင်ငယ်ဆယ်ပါး၏ ပွဲစသည့်နေ့ကို သုဿာန်သတ္တဝါအားလုံး စတင် မျှော်လင့်ခဲ့ကြသည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
ESTÁS LEYENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...