အခန်း ( ၃၆၆ ) နတ်မျိုးနွယ်ရှစ်ခုမှ နတ်ဆိုးဘုရင် လီရှင်း၊ ကျွင်းမိသားစုရဲ့ မျိုးဆက်တွေအတွက် မီးနဲ့ရေကို ဖြတ်သန်းသွားဖို့ ဆန္ဒရှိတယ်။
နယ်ပယ်ကိုးခုပြီးနောက် အဓိပဓိနယ်ကယ် ခုနစ်ခု ဖြစ်သည်။
၎င်းတို့က တန်ခိုးအရာတွင် အမြင့်ဆုံး၌ရှိ၍ အဓိပဓိဟု ခေါ်ဆိုကြပေသည်။
သို့သော်လည်း အဓိပဓိနယ်ပယ်တွင် အဆင့်ခုနစ်ဆင့် ရှိသည်။ယင်းက အဓိပဓိတစ်ပိုင်း၊ အဓိပဓိ၊ ကောင်းကင်အဓိပဓိငယ်၊ မဟာကောင်းကင်အဓိပဓိ၊ ဆန်းကျယ်အဓိပဓိ၊ နတ်ဖန်ဆင်းခြင်းအဓိပဓိ၊ ဖရိုဖရဲနတ်အဓိပဓိ ဟူ၍ပင်။
ဤခုနစ်ဆင့်တွင် အဓိပတိတစ်ပိုင်းမှလွဲ၍ အများစုက သာမန်အဓိပဓိများ ဖြစ်ကြသည်။
အဓိပဓိငယ်ကတော့ ရှားပါးသည့်တိုင် တချို့ရှိကြ၏။
သို့သော်လည်း အဆင့်မြင့်လေ နောက်တစ်ဆင့်တက်ရန် ပို၍ခက်ခဲလေ ဖြစ်သည်။
ဤခုနစ်ဆင့် သူတော်စင်အဆင့်ကိုးခုကြားမှ ကွာဟချက်နှင့် လုံးဝ နှိုင်းယှဉ်မရပေ။
ကွာဟချက်က ဘယ်လောက်ကြီးလဲဆိုတာ မှန်းဆရန်ပင် ခက်ခဲသည်။သို့သော်လည်း ဤအခိုက်အတန့်တွင် ကောင်းကင်ကို ဖြတ်သန်းသွားသော ဓားအလင်းက ကောင်းကင်အဓိပဓိစွမ်းအားကို သယ်ဆောင်ခဲ့ချေပြီ။
ယင်းက ကောင်းကင်အဓိပဓိငယ်၏ စွမ်းအားဖြစ်လျှင်ပင် ၎င်းတို့ ခံနိုင်သောအရာ မဟုတ်ပေ။
"မရဏခေါင်းလောင်း"
ထျန်းမင်သင်္ချိုင်းဧကရာဇ်က ဧကရာဇ်တစ်ပိုင်း ဝိညာဉ်လက်နက်ကို တိုက်ရိုက်ဆင့်ခေါ်ခဲ့သည်။ကျန်ဧကရာဇ်များကလည်း ဓားအလင်းကိုခုခံရန် ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုကြ၏။
ဤဓားအလင်းက ကောင်းကင်ကို ဖြိုခွဲလိုက်ပုံရသော်လည်း ထျန်းမင်သင်္ချိုင်းဧကရာဇ်နှင့် အခြားသူများက အားမနည်းကြပါ။ နောက်ဆုံးတွင် ၎င်းတို့က သင်္ချိုင်းနယ်မြေဆယ်ခု၏ ထိပ်သီးသုံးယောက်အတွင်းဝင်သော တန်ခိုးရှင်များ ဖြစ်သည်။ သို့တိုင် အနောက်ကို ဆုတ်သွားရ၏။
သို့သော်လည်း အခြားသင်္ချိုင်းဧကရာဇ်သုံးပါးမှာ ကံမကောင်းလှပေ။
ВЫ ЧИТАЕТЕ
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Приключенияဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...