အခန်း ( ၁၇၁ ) ခရမ်းရောင်အိမ်တော် မြင့်မြတ်နယ်မြေအား စီရင်ခြင်း၊ စုဇီချုံက သူမကိုယ်ကို ကျွန်မိန်းကလေးအဖြစ်ထားရန် အစပြုလာသည်၊ ကိုယ့်ခန္ဓာကို ကိုယ့်လမ်းစဉ်အဖြစ် အသုံးပြုမယ်။
နာလန်မိသားစု၏ တည်နေရာသည် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် ရှေးဟောင်း ဝိညာဉ်တောင်တန်းတစ်ခု ဖြစ်သည်။
ယခုအခါ မြင့်မြတ်ဝိညာဉ်တောင်တန်းရှိ ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုတွင်...
ကျွင်းရှောင်ယောက်က အပေါ်ဆင့်ထိုင်ခုံတွင် ထိုင်နေပြီး ကာကွယ်သူ သုံးဦးနှင့် ရီယုက ဘေးနှစ်ဖက်တွင် ရပ်နေသည်။
အောက်မှာတော့ နာလန်မိသားစုရှိ၏။
ဆန်းကျယ်ကောင်းကင်တာအိုဂိုဏ်းမှ လူတစ်စုလည်း ထိုနေရာတွင် ရှိနေလေသည်။
နောက်ဆုံးမှာတော့ ၎င်းတို့ဘိုးဘေးက အောက်ကမ္ဘာသို့ ပြန်ရောက်လာပြီဖြစ်သောကြောင့် သဘာဝအတိုင်း အမြန်ထွက်သွားလိုဘဲ ဤပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုခဲ့ကြသည်။အစကတော့ ၎င်းတို့၏ဘိုးဘေးက တခြားသူများ၏ ကျေးကျွန်ဖြစ်လာမည်ကို လက်မခံနိုင်ကြပေ။
ယခုတော့ ကျွင်းရှောင်ယောက်၏ အဆင့်အတန်းနှင့်ခွန်အားကို မြင်လိုက်ရပြီမို့ စိတ်သက်သာရာ ရသွားကြတော့သည်။
၎င်းတို့ဘိုးဘေး လိုက်ပါနေသူက အလွန်အစွမ်းထက်သော ပါရမီရှင်များနောက်သို့ လိုက်ပါနေခြင်း ဖြစ်ကြပေရာ မဆိုးလှပါချေ။
စုဇီချုံအပါအဝင် ခရမ်းရောင်အိမ်တော် မြင့်မြတ်နယ်မြေ၏ ကျန်သူများကလည်း ထွက်မသွားဘဲ ရှိနေကြဆဲပင်။
၎င်းတို့က အလွန်အမင်း စိတ်မသက်မသာဖြစ်နေပြီး တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့ကြလေသည်။
ကျွင်းရှောင်ယောက်ကတော့ လျစ်လျူရှုထားကာ နာလန်ကျန်းအား အဓိပဓိယွမ်ထျန်းအကြောင်းကို အတိုချုံး၍ ပြောပြလိုက်သည်။
"ဒီလိုဖြစ်သွားခဲ့တာပဲ၊ ဒါပေမဲ့ ဆရာကြီး အဓိပဓိယွမ်ထျန်းကို လွတ်မြောက်စေခဲ့တဲ့အတွက် သခင်ငယ်လေး ကျေးဇူးတင်ပါတယ်"
နာလန်ကျန်းက လက်ယှက်ကာ ပြောလိုက်၏။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...