အခန်း ( ၇၅၆ ) လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို အမွေဆက်ခံခြင်း၊ ဧကရာဇ် လက်နက်၏ အမှတ်အသား၊ လွမ်ကုပုဆိန်၏ တည်နေရာ။
'ခင်ဗျားရှုံးပြီ'
လွမ်ကုနှလုံးသားနတ်ဆိုးဟာ ဤစကားလုံးများကို ကြားလိုက်ရုံသာဖြစ်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်မှ အမှတ်အသား စွမ်းအားများ သိသိသာသာ ကျဆင်းလာတာကို ခံစားလိုက်ရ၏။
ဤအရာက မဟာဧကရာဇ်တစ်ပါး ချန်ထားခဲ့သော အမှတ်အသားဆိုတာ သိရှိထားရမည် ဖြစ်သည်။ယခုအခါမှာတော့ သူ့ခန္ဓာဟာ တဖြည်းဖြည်း ပြိုကွဲလာခဲ့ပြီ။
ယင်းက မယုံနိုင်စရာကောင်းလွန်းသည်။
အကြောင်းမှာ၊ ဤအမှတ်အသားကို ပြိုကွဲအောင် ပြုလုပ်သူက မဟာသူတော်စင်တစ်ပါးသာ ဖြစ်နေသောကြောင့်ပင်။
အချိန်ကြာလာသည်နှင့်အမျှ အပျက်သဘောဆောင်သော အဖျက်စွမ်းအားများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။လွမ်ကုနှလုံးသားနတ်ဆိုးကတော့ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
သို့သော်လည်း သိပ်ပြီး ကောင်းမွန်ခြင်း မရှိတော့ပါ။
ဤအခိုက်အတန့်တွင်၊ သူ၏ရုပ်သွင်က စွမ်းအင်အားလုံး ကုန်သွားသကဲ့သို့ ထင်ယောင်ထင်မှားသဖွယ် ဖြစ်လာခဲ့သည်။သို့သော်လည်း လွမ်ကုနှလုံးသားနတ်ဆိုးက နာကြည်းခြင်း သို့မဟုတ် ဒေါသတစ်စုံတစ်ရာ မရှိခဲ့ပေ။ သူ့မျက်လုံးများတွင် အံ့ဩခြင်းသာ ရှိခဲ့သည်။
ဤထာဝရကွဲလွဲမှုက သူ့ကိုများသည် အမှန်တကယ်ပင် အမြင်ကျယ်စေခဲ့ပေသည်။
"ဒါက မင်းကိုယ်တိုင် ဖန်တီးထားတဲ့ နည်းလမ်းပဲလား"
လွမ်ကုနှလုံးသားနတ်ဆိုးက မေးလိုက်သည်။ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်၊ ဒီနည်းလမ်းကို ကမ္ဘာဦးကျမ်းလို့ ခေါ်တယ်""ကမ္ဘာဦး..."
လွမ်ကုနှလုံးသားနတ်ဆိုး ရေရွတ်လိုက်လေသည်။ကမ္ဘာတစ်ခုကို မည်သူက ဖန်တီးနိုင်မည်နည်း။
သံသယမရှိဘဲ နတ်ဘုရားသာလျှင် ဖြစ်နိုင်သည်။
ကျွင်းရှောင်ယောက်ကိုတော့ "ရူးသွပ်သူ" ဟူသော စကားလုံးဖြင့်သာ လွန်ကဲစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
VOUS LISEZ
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...