အခန်း ( ၁၇၆ ) မိုဖန်း၏ ဇာတ်ဆောင် လုပ်ရိုးလုပ်စဉ်၊ ပြန်လည် ရှင်သန်စေတဲ့ကျေးဇူးကို မမေ့နိုင်တော့ပါဘူး၊ သခင်မိသားစုက ကယ်တင်ပေးဖို့ လာရောက်မှာလား။
လျိုချန်ချန်၏ သွေးအလူးလူးဖြစ်နေသော ခန္ဓာကိုယ်လေးက တုန်ယင်နေသည်။
သူမ မယုံနိုင်ပေ။ဆန်းကျယ်ကောင်းကင်ဂိုဏ်းသည် ကျွင်းမိသားစုက အပြစ်သားများကိုဖိနှိပ်ရန် အောက်ကမ္ဘာသို့ စေလွှတ်ထားခဲ့သော ဂိုဏ်းဖြစ်သည်။ ထိုအတွက် ကျွင်းမိသားစုက သူတို့၏ အားကိုးရာပင် ဖြစ်ချေသည်။
သို့သော်လည်း ဆန်းကျယ်ကောင်းကင်ဂိုဏ်းသည် ကျွင်းမိသားစုမှ ရောက်လာသည်အထိ တောင့်မခံနိုင်ခဲ့ကြပါ။
သို့သော်လည်း ယခုအခါ ကျွင်းမိသားစုမှ နတ်ဘုရားသားတော်ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤအတွက် လျိုချန်ချန်တွင် မည်သည့်သံသယမှ မရှိပါ။
အကြောင်းမှာ အနှီ အဖြူရောင်ဝတ်လူငယ်လေးက သပ်ရပ်လွန်းသည်။
သူ့ထံမှ အောက်ကမ္ဘာသားများ တုပ၍မရသော မသေမျိုးအရှိန်အဝါများလည်း ထွက်ပေါ်လျက်ရှိ၏။
ထိုစဉ် စုဇီချုံနှင့် ရီယုတို့ ရောက်လာပြန်သည်။ယင်းကိုမြင်သောအခါ လျိုချန်ချန်စိတ်ထဲ ပို၍ပင် အံ့ဩသွား၏။
အင်မော်တယ်နယ်မြေကြီးရှိ လူတစ်ဦးစီက အလွန်ထူးခြားသည်။၎င်းတို့နှင့် နှိုင်းယှဉ်ပါက မိုဖန်းပင်လျှင် ချောင်ကပ်နေရပေလိမ့်မည်။
ထို့နောက် တုန်ရွှမ်ဘိုးဘေးတို့သုံးယောက်လည်း ထပ်မံရောက်ရှိလာရာ လျိုချန်ချန်လည်း အသက်ရှူရပ်မတတ် ဖြစ်နေတော့သည်။၎င်းတို့ထံမှ ထွက်ပေါ်နေသော ဖိအားမျိုးသည် လျိုချိန်ချန်အတွက် ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်အပေါ်တွင်သာ ခံစားခဲ့ရသည်။
တစ်နည်းဆိုရသော် ဤလူသုံးဦးက သူတော်စင်တစ်ပိုင်းနှင့် အစစ်အမှန်သူတော်စင်များ ဖြစ်တော့သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများက လျိုချန်ချန်ကို အလွန်ထိတ်လန့်သွားစေကာ အချိန်အတော်ကြာသည်အထိ ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပေ။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...