အပိုင်း ၃၁၆ မှ ၃၂၀

706 55 0
                                    

အခန်း ( ၃၁၆ ) ထာဝရသင်္ချိုင်း နယ်မြေဆယ်ခု၊ ယင်ရှခန္ဓာ၊ ယင်ယန်သစ်သီးအတွက် တိုက်ပွဲ။

ကျွင်းရှောင်ယောက်က မည်သည့်နေရာတွင်ပင်ရှိစေကာမူ နောက်မတွန့်သော တာအိုနှလုံးသားကို ပိုင်ဆိုင်ထား၍ နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားရန် မဖြစ်နိုင်ပေ။

ကူချီလည်း အံ့အားသင့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ လုံးဝပြန်မထနိုင်တော့ပါ။

သူဟာ ရှေးဟောင်းဆင်ကြီးတစ်ကောင်၏ တက်နင်းခံလိုက်ရသလို မြေပေါ်သို့ ပြုတ်ကျသွားသည့်နှယ် ခံစားရသည်။

ကူချီပါးရိုးများလည်း ကျိုးကျသွားကာ ပို၍ အရုပ်ဆိုးသွားရလေသည်။

"အား... ငါ့မျက်နှာ၊ ငါ့ရဲ့ ချောမောတဲ့ မျက်နှာ"
ကူချီက သူ့မျက်နှာကို လက်နှင့်အုပ်ကာ  ဒေါသတကြီးအော်လိုက်သည်။

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက် မျက်နှာတွင် ထူးဆန်းသည့်အကြည့်များ ဖြစ်လာခဲ့၏။

ဤမျှ မဟုတ်တရုတ်ပြောသောလူကို တစ်ခါမျှ မမြင်ဖူးပေ။

စန်းယွဲ့နှင့် စန်းရွယ်တို့ ညီအမလည်း ကျွင်းရှောင်ယောက်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

ကူချီက သာမာန်လူမဟုတ်ပါ။ သူ့ခန္ဓာကိုယ်သည် တစ္ဆေဇီးကွက်ဖြစ်ပြီး သူ၏ ခွန်အားကလည်း သန်မာလွန်းလှသည်။

ယင်မင်နယ်မြေ၏ မျိုးဆက်သစ်များတွင်၊ ၎င်းကို ထိပ်ဆုံးဆယ်ဦး၌ အဆင့်သတ်မှတ်ရန် လုံလောက်သည်။

ဟုတ်ပေသည်၊ ထာဝရသင်္ချိုင်းမြေမှာတော့ လူငယ်မျိုးဆက် ဆိုလျှင်ပင် နှစ်ရာချီပြီး သက်တမ်းရှိကြသည်။

ယင်းက အခြား ရှေးဟောင်းသတ္တဝါများကြားတွင်သာ လူငယ်မျိုးဆက် ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်က ကူချီကို တစ်ချက်တည်းဖြင့် ဖိနှိပ်သည်။

ယင်းက စန်းယွဲ့၏ မျှော်မှန်းချက်ထက် အနည်းငယ်သာလွန်ခဲ့ပေသည်။

ကျွင်းရှောင်ယောက်က သူသည် ပြင်ပကမ္ဘာ၏ မျိုးဆက်တစ်ခုတည်း၌ ပြိုင်ဘက်ကင်းဟု ပြောဖူးသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now