အပိုင်း ၃၆၁ မှ ၃၆၅

646 65 2
                                    

အခန်း ( ၃၆၁ ) ကြီးမားသော အပြောင်းအလဲများ၊ အလုံပိတ်ကမ္ဘာကြီး ပွင့်တော့မည်၊ နယ်ပယ်ပေါင်းစုံမှ သင်္ချိုင်းဧကရာဇ်များ ထွက်ပေါ်လာခြင်း။

ဤလိုမြင်ကွင်းမျိုး ဖြစ်လာမည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။

ကျွင်းရှောင်ယောက်သည်ပင် အံ့ဩသွားမိသည်။

ဤအချိန်တိုလေးအတွင်း၌ ချူထျန်းပါ့ဟာ သူ၏အသက်နှင့် နောက်ဆုံးတာဝန်ကို ပြီးမြောက်စေခဲ့ပြီ ဖြစ်သည်။

ချူထျန်းပါ့က သူ့ဆရာ ထျန်းမင်သင်္ချိုင်းဧကရာဇ် ပေးအပ်ထားသည့် တံဆိပ်တော်ကို ပြန်လည်ဝင်စားခြင်း ရေကန်ထဲသို့ ပစ်ချပေးခဲ့ပြီ။

ထိုအခါ ပြန်လည်ဝင်စားခြင်း ရေကန်တွင်းရှိ ရေများက ပွက်ပွက်ဆူလာသကဲ့သို့ အခိုးအငွေ့များလည်း တလိပ်လိပ်ထွက်လာသည်။

ဝိညာဉ်သင်္ချိုင်းအတွင်းရှိ တားမြစ်စွမ်းအားသည်လည်း တဖြည်းဖြည်းချင်း ပြိုကွဲလာခဲ့၏။

တစ်ချိန်တည်းမှာပင် သင်္ချိုင်းကမ္ဘာ၏ တံဆိပ်ကလည်း တုန်လှုပ်သွားတော့သည်။

"ဟင်၊ ဒါက..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများ အရောင်လက်သွားသည်။

ဤလူဝင်စားခြင်းရေကန်သည် သင်္ချိုင်းကမ္ဘာ၏ တားမြစ်စွမ်းအား ဗဟိုချင် ဖြစ်နေပါသလော။
 
ချူထျန်းပါ့၏ ဤလှုပ်ရှားမှုက သင်္ချိုင်းကမ္ဘာရှိတံဆိပ်ကို ချိုးဖျက်ရန် ဖြစ်သည်။

ထိုအချိန်တွင် ချူထျန်းပါ့၏ ခန္ဓာကိုယ်က ပြိုကျလာပြီး အရှိန်အဝါလည်း သိသိသာသာ ကျဆင်းသွားသည်။

နောက်ဆုံးအချိန်တွင် သူအော်ဟစ်လိုက်၏။

"ဆရာ၊ ကျွန်တော်အတွက် လက်စားချေပါ"

အော်ဟစ်ပြီးသည်နှင့် ချူထျန်းပါ့၏ ခန္ဓာကိုယ်က လုံးဝပြိုကျသွားကာ သွေးနှင့် အသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကောင်းကင်အသျှင်ခန္ဓာ ကျဆုံးသွားခဲ့ပြီ။

တစ်ချိန်တည်းမှာပင် ဝိညာဉ်သင်္ချိုင်းတစ်ခုလုံး တုန်လှုပ်သွား၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora