အခန်း ( ၁၀၆ ) အားလုံး စုစည်းကြပြီ၊ ဟွမ်ရွှမ်းရီ၏ ခန့်မှန်းချက်၊ မြောက်ပိုင်းဒေသမှ ဝမ့်မိသားစု
ချင်ရွှမ့်မျက်လုံးထဲတွင် ကျွင်းရှောင်ယောက်က ဒဏ္ဍာရီထဲမှ တည်ရှိမှုတစ်ခု ဖြစ်သည်။
ယခုတော့ ချင်ရွှမ်ဟာ ကျွင်းရှောင်ယောက်အစစ်နှင့် တွေ့နေရသောကြောင့် အလွန် အံ့အားသင့်နေတော့သည်။
ယင်းက လက်တွေ့မဆန်လွန်းသော အိပ်မက်တစ်ခုပမာပင်။
"မင်းအဲဒီမှာ ဘာရပ်လုပ်နေတာလဲ"
ကျွင်းရှောင်ယောက် မေးလိုက်သည်။"ချင်... ချင်ရွှမ်က နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်"
ချင်ရွှမ်က ထစ်ငေါ့စွာပြောရင်း ဦးညွှတ်လိုက်သည်။"ရပါပြီ၊ လာတော့"
ကျွင်းရှောင်ယောက်က လက်ကိုဝှေ့ယမ်းလိုက်သည်။ဤနှိမ့်ချမှုနှင့် လေးစားမှုမျိုးသည် သူ့အတွက်တော့ အံ့သြစရာမဟုတ်တော့ပေ။
ချင်ရွှမ်ဟာ စိတ်လှုပ်ရှားပြီးရင်း စိတ်လှုပ်ရှားနေသည်။ သူဟာ နီရဲနေသောမျက်နှာနှင့် ခေါင်းကိုးလုံးခြင်္သေ့ကြီး၏ နောက်ကျောတွင် ထိုင်လိုက်သည်။
ခေါင်းကိုးလုံးခြင်္သေ့ကြီးဟာ အရွယ်အစားကို ကြီးလို့၊ သေးလို့ရသောကြောင့် လူတစ်ယောက်ကို ပိုခေါ်သွားရလျှင်လည်း ပြဿနာမရှိပေ။
ကျွင်းရှောင်ယောက်၏ အနောက်ဘက်တွင် ထိုင်ပြီးသောအခါ သူ့မျက်လုံးတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြန်သည်။
"စိတ်မပူပါနဲ့၊ ရန်ပန် ပြန်ပြီး ပေးဆပ်ရလိမ့်မယ်"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။သူက ချင်ရွှမ်အတွက် လက်စားချေလိုခြင်း မဟုတ်ပေ။ ရန်ပန်ဟူသော ကြက်သွန်မြိတ်ကို လှီးဖြတ်ချင်ရုံသာ ဖြစ်သည်။
သို့သော်လည်း ချင်ရွှမ်အမြင်မှာတော့ ယင်းက သူမအတွက် လက်စားချေရန် ကူညီနေခြင်းသာ ဖြစ်တော့သည်။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်"
ချင်ရွှမ်ဟာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...