အခန်း ( ၂၇၆ ) သူဌေးကြီးအဆင့် ကျွင်းရှောင်ယောက် အင်မော်တယ်နယ်မြေကြီးသို့ ပြန်လာပြီ၊ ကျန်းစန်းယီ၏ အတွေးများ။
ရက်အနည်းငယ်ကြာ စီစဉ်ပြီးနောက် ကျွင်းရှောင်ယောက်သည် တခြားသူများနှင့်အတူ အလုံးစုံတိုက်ကြီးမှ ထွက်ခွာသွားခဲ့သည်။
ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးသို့မပြန်မီ ဆန်းကျယ်ကောင်းကင်တိုက်ကြီးကို သွားခဲ့၏။
နာလန်လော်ရှီးကို အင်မော်တယ်နယ်မြေကြီးသို့ လေါ်သွားရမည့်ကိစ္စအား သူမမေ့သေးပေ။
ထို့ပြင် ကြယ်ခွဲနတ်ဘုရားရုပ်သေးများကိုလည်း နာလန်မိသားစုထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။
ဤကြယ်ခွဲနတ်ဘုရားရုပ်သေးများသည် အင်မော်တယ်နယ်မြေကြီး၌ အသုံးသိပ်မဝင်သောကြောင့် အောက်ကမ္ဘာတွင် ထားခဲ့ခြင်းက ပိုကောင်းသည်။
ကျွင်းရှောင်ယောက်က ဆန်းကျယ်ကောင်းကင်တိုက်ကြီးကို ထပ်မံသွားဦးမည်ဆိုတာကိုကြားတော့ ရှောင်မိုရှန်းမှာ ဆက်မလိုက်တော့ပေ။
သို့သော်လည်း မထွက်ခွာခင်မှာ အင်မော်တယ်နယ်မြေကြီး၌ ကျွင်းရှောင်ယောက်နှင့် ပြန်တွေ့မည်ဟုပြောခဲ့သည်။
ထိုအချိန်ကျရင် အရှည်နှင့် အတိမ်အနက်ကို စမ်းကြည့်ရပေမည်။
ကျွင်းရှောင်ယောက်လည်း ဖြူစင်ပုံရသလောက် သိုင်းသမဆန်ဆန် ပြောဆိုတတ်သည့် ထိုမိန်းကလေးကို လျစ်လျူရှုလိုက်သည်။
သူ့အတွက်နှင့် နတ်ဆိုးအင်မော်တယ်ဂိုဏ်းကို ပြဿနာမရှာလိုသေးပေ။
ရက်အနည်းငယ်ကြာပြီးနောက် ကျွင်းရှောင်ယောက်တို့အဖွဲ့ဟာ ဆန်းကျယ်ကောင်းကင်တိုက်ကြီးသို့ရောက်ပြီး နာလန်မိသားစုထံ သွားခဲ့သည်။
ကျွင်းရှောင်ယောက် ရောက်ရှိလာတာကိုမြင်သောအခါ နာလန်လော်ရှီးက အလွန်ဝမ်းသာသွားပြီး အရှေ့ထွက်လာကာ ဦးညွတ်လိုက်သည်။
"သူကောပဲလား"
ကျန်းလော့လီ၏မျက်လုံးက အူတိုမှုများ လှစ်ဟလာသည်။
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...