အခန်း ( ၆၈၆ ) တရားစီရင်သူ ထိုပါ့ကျန်း၊ ကျွင်းမိသားစု၏ ဆဋ္ဌမဘိုးဘေးနှင့် အကျိုးအကြောင်း သက်ရောက်မှု၊ အသျှင်ခန္ဓာ၏ ဖိနှိပ်ခံထားရသော မြင့်မြတ်ခန္ဓာ။
'လက်မှတ်ထိုးဝင်ဖို့ နေရာအသစ်တစ်ခုလား'
ယင်းကိုကြားတော့ ကျွင်းရှောင်ယောက်က မအံ့သြပါ။ထိုနေရာတွင် မည်သို့သော နိမိတ်ကောင်းများ ရေးထိုးနိုင်မလဲဆိုတာကိုသာ အလွန်သိချင်နေမိသည်။
"အခြေအနေကိုသိဖို့ အဲဒီရှေးဟောင်းမြို့ကို သွားကြရအောင်"
ကျွင်းရှောင်ယောက်က ဆုံးဖြတ်ပြီးနောက် လေဟာပြင်အတွင်း၌ ဆိုင်းငံ့ထားသော ရှေးဟောင်းမြို့တော်ကြီးကို ဦးတည်သွားခဲ့သည်။ထိုရှေးမြို့ဟောင်းက အလွန်ခမ်းနားသည်။ ၎င်းက စကြဝဠာနှင့် ကြယ်ရောင်ကောင်းကင်ကြားတွင် တည်ရှိနေခဲ့၏။ ထိုနေရာမှ ရိုးရှင်းစွာ ခမ်းနားပြီး တိတ်ဆိတ်သောအငွေ့အသက်တို့ ထွက်ပေါ်နေခဲ့သည်။
ဤသည်မှာ ရှေးဟောင်းလမ်းပေါ်ရှိ အဆင့်ခုနစ်ဆယ်မြောက်မှ ရှေးမြို့ဟောင်းတစ်ခု ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ပါက ၎င်းမှာ နဂါးငွေ့တန်းကိုဖြတ်၍ လှဲလျောင်းနေသည့် တောရိုင်းဘီလူးတစ်ကောင်နှင့် တူလှပေသည်။
ကျွင်းရှောင်ယောက်က ဤရှေးမြို့ဟောင်းသို့ ရောက်ရှိလာပြီး မြို့ထဲသို့မ၀င်မီကပင် အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်ခဲ့သည်။
"အဲဒီလူက ဘယ်သူလဲ။ သူ့တစ်ကိုယ်လုံး နတ်အလင်းတွေက ဖုံးလွှမ်းနေတယ်..."
ပါရမီရှင်တစ်ယောက်က အော်လိုက်သည်။"ဘုရားရေ၊ ဒါ ကောလဟာလတွေထဲက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ဘာဖြစ်လို့ တူနေတာလဲ"
"သူ့မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရှိတယ်၊ သူ ရောက်လာပြီလား...."
ကျွင်းရှောင်ယောက် ရောက်လာသည်နှင့် ရှေးမြို့တော်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဆူဆူညံညံ စကားသံများလည်း ထွက်ပေါ်လာခဲ့၏။
မြောက်မြားစွာသောလူများက မြို့တံခါးထဲသို့ဝင်လာသော ကျွင်းရှောင်ယောက်ကို အံ့သြမှု၊ သိချင်မှု၊ ကြောက်ရွံ့မှု အစရှိသည့် ခံစားချက်အမျိုးမျိုးဖြင့် ကြည့်နေခဲ့ကြသည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...