အခန်း ( ၁၆၁ ) အင်အားစုအားလုံး တုန်လှုပ်သွားသည်၊ ရဲ့မိသားစု၏ ဓားနတ်ဆိုး လူဝင်စား၊ ဘုရင်တစ်ပါးက ဘုရင်ကို မမြင်ဘူး။
ကောင်းကင်တာအို မျှော်စင်ကိစ္စကတော့ နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ပြီ။
ကျွင်းရှောင်ယောက်က ချက်ချင်းမထွက်ခွာဘဲ မြင့်မြတ်ဝိညာဉ်အကယ်ဒမီတွင် ခဏဆက်နေခဲ့သည်။
မြင့်မြတ်ဝိညာဉ်အကယ်ဒမီက အလွန်ရက်ရောကာ ကျွင်းရှောင်ယောက်ကို အင်မော်တယ်ကျောက် ငါးရာအတိပင် ပေးလိုက်၏။
ယခင်က ယင်ယန်မြင့်မြတ်သားတော်တို့ဆိုလျှင် မြင့်မြတ်ဝိညာဉ်အကယ်ဒမီမှ အင်မော်တယ်ကျောက် ရာအနည်းငယ်သာ ရခဲ့သည်။
ယင်းကလည်း အကယ်ဒမီမှမဟုတ်ဘဲ ၎င်းတို့နောက်ကွယ်မှ အင်အားစုများက ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။
မြင့်မြတ်ဝိညာဉ်အကယ်ဒမီက ကျွင်းရှောင်ယောက်အပေါ် အတော်ပင် ရင်းနှီးမြုပ်နှံခဲ့ကြသည်။
ကျွင်းရှောင်ယောက်သည် ယခင်က သိုင်းပညာတွေ့ဆုံပွဲတွင်လည်း အင်မော်တယ်ကျောက်များစွာ ရခဲ့ပါသေးသည်။
ယခုအခါ သူ့ခန္ဓာကိုယ်တွင် အင်မော်တယ်ကျောက် တစ်ထောင်ကျော်ရှိ၍ ထာဝရအင်မော်တယ်အရိုးကို ကျေနပ်စေလောက်ပြီ ဖြစ်သည်။
ဤအတောအတွင်း၌ ဟွာရှီချင်းသည် ရှက်ရွံ့နေသော်လည်း ကျွင်းရှောင်ယောက်နှင့် စကားပြောချင်ခဲ့ပေသည်။
ယင်းက ပန်းနန်းတော်မှ မိန်းမလှလေးအား ကြွေဆင်းစေခြင်းဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်ကလည်း မငြင်းပယ်ဘဲ သူ့ဆန္ဒအတိုင်း ရှင်သန်ခြင်းနှင့် စံနှုန်းများအကြောင်းကို ဆွေးနွေးပေးခဲ့သည်။
ထိုအခါမှ ဟွာရှီချင်းဟာ ကျေနပ်သည့်မျက်နှာနှင့် ပြန်လည်ထွက်ခွာသွားတော့သည်။
ကျွင်းရှောင်ယောက်က မြင့်မြတ်ဝိညာဉ်အကယ်ဒမီတွင် တည်းခိုနေချိန်...
ကောင်းကင်တာအိုမျှော်စင်မှ အကြောင်းအရာများက ဧရာမအတောင်များကဲ့သို့ ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဖြန့်ကြက်သွားခဲ့သည်။
DU LIEST GERADE
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Abenteuerဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...