၅၉၆ - ၆၀၀

803 52 2
                                    

အခန်း ( ၅၉၆ ) ဧကရာဇ်ခုနစ်ပါးအနက်မှတစ်ပါး၊ ကျွင်းရှောင်ယောက်ရဲ့ ဘဝကတော့ အေးအေးဆေးဆေးပဲ။

ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ ဧကရာဇ်လမ်းတိုက်ပွဲက ဤတွင် ပြီးဆုံးသွားခဲ့ပြီ။
   
သို့ရာတွင်၊ ကျွင်းရှောင်ယောက်နှင့် ကောင်းကင်အလိုတော်တို့၏ ကစားပွဲကြောင့် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေတစ်ခုလုံး ကမောက်ကမဖြစ်ခဲ့ရသည်။

အထူးသဖြင့်၊ မဟာတာအို ပြောဆိုခဲ့သည့် ဧကရာဇ်ခုနစ်ပါးနှင့် ဆန့်ကျင်ခြင်း...

ဧကရာဇ်တံဆိပ်ကို ရရှိပြီး ထာဝရကွဲလွဲမှုကို စိန်ခေါ်နိုင်သော ဤပါရမီရှင် ဧကရာဇ်ခုနစ်ပါးမှာ မည်သူဖြစ်မည်မှန်း အားလုံး စိတ်ဝင်စားခဲ့သည်။

အင်မော်တယ်နယ်မြေတစ်ခု၏ ဧကရာဇ်လမ်း...
   
ခမ်းနားထည်ဝါသော ရှေးဟောင်း ကောင်းကင်နန်းတော်တွင်...

အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ရှိသည့် လူငယ်တစ်ဦးက အဆုံးမဲ့တောက်ပမှု အလင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။

အင်မော်တယ်စွမ်းအင်ငါးခုက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေကာ ပြင်းထန်သောဖိအားကို ဖြစ်ပေါ်စေခဲ့၏။

သူ့ကို ကြည့်ရသည်မှာ ကောင်းကင်ကိုးပါးအထက်မှ ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် တူလှသည်။

ဤအခိုက်တွင်...

တောက်ပသော အလင်းတစ်ခုက ကောင်းကင်ကိုဖြတ်ပြီး ဤကောင်းကင်နန်းတော်ကို ဆင်းသက်လာကာ လူငယ်အရှေ့တွင် ရပ်လိုက်သည်။
  
၎င်းက မဟာတာအို အငွေ့အသက်များရှိသည့် ဧကရာဇ်တံဆိပ်ပင် ဖြစ်တော့သည်။
   
"ဟင်"
အဆုံးမဲ့အလင်းများထဲမှ လူငယ်က သူ၏လက်ကို တဖြည်းဖြည်းဆန့်ကာ ဧကရာဇ်တံဆိပ်ကို ယူလိုက်သည်။
   
သူက တာအိုဉာဏ်အလင်းတံဆိပ်ကို လက်ခံကာ ဝိညာဉ်အသိဖြင့် အကဲခတ်လိုက်၏။ ခဏချင်းပင် အရာအားလုံးကို သူ နားလည်သွားတော့သည်။

"အိုး၊ ဒီလိုပဲ။ ကောင်းကင်တာအိုကိုတောင် အသိအမှတ်မပြုတဲ့ ဧကရာဇ်ဘုရင်ကို ငါမြင်ဖူးခဲ့ပြီ။ ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"
လူငယ်က လျစ်လျူရှုကာ အထင်မြင်သေးသောလေသံဖြင့် ရေရွလိုက်သည်။
  
"ကောင်းကင်တာအိုက ဒီလူတစ်ယောက်တည်းကို ဖြုတ်ချဖို့ ဧကရာဇ်ခုနစ်ပါးကို အသုံးပြုလိုခဲ့တယ်"
 
"ဒါပေမဲ့… အဲဒီကောင်းကင်တာအိုသရဖူက ဒီဧကရာဇ်ပဲ ဆုံးဖြတ်မယ်"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now