အခန်း ( ၂၂၆ ) ဆမ်ဆာရာနတ်ဆိုးဂိုဏ်း၏ ရှေးဟောင်းလူထူးဆန်း၊ ကမ္မမုဆိုး၊ နတ်ဆိုးမင်းသမီးလေး ရှောင်မိုရှန်း၏ ဆွဲဆောင်မှု။
"ဒါ...ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"
ခရမ်းရောင်ဝတ် လူငယ်လေးလည်း ထိတ်လန့်တကြားဖြင့် အော်လိုက်သည်။အနက်ရောင်ဝတ်လူငယ်အနောက်တွင် ထွက်ပေါ်လာသော ကစားပွဲလှည့်ဘီးကဲ့သို့သဏ္ဍာန်က သူ့နှလုံးသားထိ ထိတ်လန့်သွားစေခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆ၍မရသော စွမ်းအားသည် ခရမ်းရောင်ဝတ် လူငယ်လေး၏ နှလုံးသားထဲမှ တိုက်ခိုက်ချင်စိတ်ကို လုံးလုံးလျားလျား ပျောက်စေသသည်။ ယခုအခါ ထွက်ပြေးရန်မှတပါး တခြားရည်ရွယ်ချက်မရှိတော့ပါ။
"လူဝင်စားခြင်းရဲ့ဒုက္ခကို ကမ္ဘာပေါ်က အရာအားလုံး မလွတ်မြောက်နိုင်ပါဘူး၊ ငါ့ရဲ့အရင်းအမြစ်ဖြစ်လာခဲ့ပါစေ"
အနက်ရောင်ဝတ်လူငယ်က ထူးခြားမှုမရှိဟန်ဖြင့် ပြောလိုက်သည်။ခရမ်းရောင်ဝတ် လူငယ်လေးလည်း ရုတ်တရက် သတိပြန်ဝင်လာကာ အောါဟစ်လိုက်၏။
"ငါနားလည်ပြီ၊ မင်းက တခြားတိုက်ကြီးတွေရဲ့ ကံကောင်းသူတစ်ယောက်ပဲလား"ခရမ်းရောင်ဝတ် လူငယ်လေး၏ အတွေးထဲတွင် တူညီသောလူမျိုးကာ သူ့ကိုဖိနှိပ်နိုင်လောက်သည်။
"ဟုတ်တယ်၊ မဟုတ်ဘူး”
အနက်ရောင်ဝတ်လူငယ်က ပြုံးလိုက်၏။သူ့ရှေ့မှ ခရမ်းရောင်ဝတ် လူငယ်၏ ကြောက်လန့်တကြားဖြစ်ပြီး ရုန်းနေပုံကိုကြည့်ကာ သဘောကျဟန်ဖြင့် ရှင်းပြလိုက်သည်။
"ငါက အောက်ကမ္ဘာက မဟုတ်ဘူး၊ ဒါပေမဲ့ အောက်ကမ္ဘာကို ငါရောက်နေတာ နှစ်ပေါင်း မရေတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ။ အခုတော့ ကမ္ဘာဆယ်ခု ဖရိုဖရဲဖြစ်ပြီး ကမ္ဘာ့မူလတွေလည်း ကံကောင်းသူတွေနဲ့အတူ ထွက်ပေါ်လာခဲ့ကြပြီလေ"
"မင်းကတော့ ငါ့ရဲ့ ဒုတိယသားကောင်ပေါ့"
အနက်ရောင်ဝတ်လူငယ်က ပြောလိုက်သည်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့မူလစွမ်းအားတစ်ခုက သူ့ကိုယ်တွင်းမှ ထွက်လာခဲ့၏။
၎င်းသည် အခြားတိုက်ကြီးတစ်ခုမှ ကောင်းကင်ကြမ္မာသားတော်၏ ကမ္ဘာ့မူလပင် ဖြစ်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...