အခန်း ( ၅၈၁ ) အကောင်းအဆိုးကို မသိသော ချန်ဖေး။
ကျွင်းရှောင်ယောက်က ခန္ဓာဧကရာဇ်ဖြစ်လာရန်ပင် အရည်အချင်းရှိသည်။
သူ၏ သွေးတစ်စက်တိုင်းတွင် အဆုံးမဲ့ အသက်ဓာတ်များရှိသည့် ဖန်ဆင်းခြင်းနှင့် အသွင်ပြောင်းခြင်း စွမ်းအားများ ပါဝင်ခဲ့၏။
ကျွင်းရှောင်ယောက်၏ သွေးတစ်စက်ကိုသာ သာမန်ပါရမီရှင်တစ်ဦး သန့်စင်ရပါက ခန္ဓာကိုယ်သန့်စင်ခြင်း ပါရမီရှင်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။
ကျွင်းရှောင်ယောက် ကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူ "တန်ဘုန်းကြီး၏ အသား" ဖြစ်သွားပြီဟု ထင်မှတ်ခဲ့ပေသည်။
ယင်းမှ၊ ကျွင်းရှောင်ယောက်၏ အသွေးအသားများဟာ မည်မျှ အဖိုးတန်ကြောင်း မြင်နိုင်သည်။
ကျွင်းရှောင်ယောက်က မျက်နှာတစ်ချက်မပျက်ဘဲ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်သည်။ အဖိုးတန် သန့်စင်သော သွေးများများက ကျန်းစန်းယီ၏ ချယ်ရီနှုတ်ခမ်းနှစ်လွှာကြားကို စီးကျသွား၏။
ပတ်ဝန်းကျင်မှ ပါရမီရှင်တချို့လည်း ပူလောင်သောမျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
ကျွင်းရှောင်ယောက်၏ သန့်စင်သောသွေးက ကြီးမြတ်သော ကံကြမ္မာထက် အားနည်းသည်မဟုတ်ပေ။
ရယူနိုင်ပါက ရုပ်ခန္ဓာကို ပိုမြင့်မားသည့် အဆင့်တစ်ခုအထိ မြှင့်တင်နိုင်မည်မှာ သေချာသည်။
သို့ရာတွင်၊ ဤအချိန်မျိုးမှာ ထိုအကြံကို အကောင်အထည်ဖော်သည်အထိ မည်သူမျှ မမိုက်မဲပါချေ။
ကျန်းလော့လီနှင့် အခြားသူများကလည်း ဝိုင်းထားခဲ့ကြသည်။
သူမက ကျွင်းရှောင်ယောက်ကို မျက်လုံးဝိုင်းဝိုင်းလေးနှင့် ကြည့်နေခဲ့လေသည်။ သူမ၏ မျက်လုံးများတွင် အဆုံးမဲ့ အတွေးများနှင့် လွမ်းဆွတ်မှုတို့ ထင်ဟပ်လျက်ရှိသည်။
ကျွင်းရှောင်ယောက်ကို သူမ မတွေ့ရသည်မှာ ကြာခဲ့ပြီ။
သူမ၏ စိတ်နေစိတ်ထားအရ ကျွင်းရှောင်ယောက်နှင့် အချိန်အတော်ကြာ ဝေးကွာသွားပြီးနောက် ပြန်လည်ဆုံစည်းသည့်အခါ ရေဘဝဲတစ်ကောင်ကဲ့သို့ ပြေးဖက်တွယ်ရင်း တွဲလွဲခိုမိမည်မှာ အမှန်ပင် ဖြစ်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
VOUS LISEZ
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...