အခန်း ( ၄၇ ) နတ်ဘုရားသားတော် ရောက်လာတာဟ၊ နန်ထျန်းမြို့တွင်း ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း၊ ကျွင်းဝမ်ကျဲ မကျေမနပ်ဖြစ်နေသည်
ကျွင်းရှောင်ယောက်က ကမ္ဘာကြီးကို ပထမဆုံးအကြိမ် ခြေဆန့်လာခြင်းဖြစ်သော်လည်း သူ့နာမည်ကတော့ ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ် နယ်မြေကြီးတွင် ရှေးယခင်ကပင် ပျံ့နှံ့နေခဲ့ပြီးချေပြီ။
ယခုအခါ သူဘယ်သူဆိုတာ အားလုံးနီးပါး သိရှိနေခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို နာမည်သာကြားဖူး၍ လူချင်းတွေ့ဖူးသူကတော့ သိပ်မရှိသေးပေ။
လူအများက အလွန်မျှော်လင့်နေကြသောကြောင့်လည်း ကျွင်းရှောင်ယောက်ဟာ ပို၍ ပဟေဠိဆန်ကာ လျှို့ဆန်းကျယ်လာပုံရသည်။
တာအိုဂိုဏ်းမှအသျှင်က ဦးစွာ လက်ယှက်၍ပြောလိုက်သည်။
" ဒီတစ်ခေါက် ကျွင်းမိသားစုက အကြီးအကဲတွေတောင် ပါလာမယ်လို့ ထင်မထားခဲ့ဘူး..။ ဒါက ကောင်းကင်တာအိုဂိုဏ်းအတွက် ဂုဏ်ယူစရာပါပဲ""ဟားဟားဟား... ပထမအသျှင်က ယဉ်ကျေးလွန်းပါပြီ"
ကျွင်းကျန်းထျန်းက ရယ်မောကာ လေထဲသို့ ခြေလှမ်းလိုက်၏။"ဒါထက် ခင်ဗျားတို့ဆီက နတ်ဘုရားသားတော်ကရော..."
ပထမအသျှင်က ရထားလုံးကို တစ်ချက်လှမ်းကြည့်လိုက်သည်။အမှန်အတိုင်းဆိုရလျှင် မျိုးဆက်သစ် လူငယ်များအနက် လူတချို့သာ သူ့ကို အထင်ကြီးစေနိုင်၏။
ထိုအထဲတွင် သူအထင်ကြီးဆုံးကတော့ ကျွင်းရှောင်ယောက်သာ ဖြစ်တော့သည်။
"ဟားဟားဟား... ပထမအသျှင်က ကျုပ်ကို မှတ်မိနေအုံးမယ်လို့ ထင်မထားခဲ့ဘူး..။ ကျုပ် တကယ် ဂုဏ်ယူရပါပြီ"
အသံတစ်ချက်နှင့်အတူ ကျွင်းလင်းလုံက ရထားလုံး ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ ထိုအခါ တည်ကြည်ခန့်ညားသောအသွင်ဖြင့် ကျွင်းရှောင်ယောက် ထွက်ပေါ်လာ၏။သူက နှင်းထုကဲ့သို့ ဆွတ်ဆွတ်ဖြူနေသောဝတ်စုံကို ဝတ်ဆင်ထားကာ သူ့အမူအရာက ပေါ့ပေါ့ပါးပါးရှိသည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...