အခန်း ( ၅၇၁ ) နည်းလမ်းများကို ပေါင်းစပ်ခြင်း၊ တစ်ချက်တည်းနှင့် ငရဲကြယ်ကိုထိုးဖောက်သည်၊ ထာဝရဆင်းရဲဒုက္ခ နတ်ဘုရားမကို ခေါ်ဆောင်လာခဲ့ပြီ။ကျွင်းရှောင်ယောက်သည် အချိန်အတန်ကြာ စဉ်းစားပြီးနောက် ထပ်မံလှုပ်ရှားခဲ့သည်။
သူသည် စကြဝဠာ၏ မူလစွမ်းအားကို ထပ်မံအသက်သွင်းပြီး သူ၏ ဘယ်ညာလက်များကို တစ်ချိန်တည်းတွင် ဖြည်းညှင်းစွာ မြှောက်လိုက်၏။
သူ၏ လက်ဝဲလက်မှ၊ ရှေးခေတ်မှ စတင်လာသော ပထမဆုံးအလင်းကဲ့သို့ တောက်ပလွန်းသော နတ်အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။
လက်ယာလက်ကမူ သတ္တဝါအားလုံးကို အပြစ်ဒဏ်ခတ်တော့မည်ကဲ့သို့ ကြာနီကမ္မမီး၏ အနီရောင်အလင်းများ ထွက်ပေါ်ခဲ့၏။
ကျွင်းရှောင်ယောက်က နတ်ဘုရား၏အလင်းနှင့် နတ်ဘုရား၏ပြစ်ဒဏ်ကို တပြိုင်နက်တည်း ထုတ်ဖော်ခဲ့သည်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်က သူ၏ဘယ်လက်ဖြင့် အလင်းရောင် ကိုင်ထားကာ ညာဘက်လက်က အပြစ်သားအမှောင်ထုအား ဆုပ်ကိုင်ထားပေသည်။
သူဟာ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတို့၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသော နတ်ဘုရားနှင့်ပင် တူသည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က အင်အားနှစ်ခုကို ဖြည်းဖြည်းချင်း ပေါင်းစည်းလိုက်သည်။
ချက်ချင်းပင်၊ ကမ္ဘာဖျက်လှိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ငရဲကြယ်ဆယ့်ကိုးလွှာတစ်ခုလုံး ကမောက်ကမ ဖြစ်သွားတော့သည်။
"သွားစမ်း"
ကျွင်းရှောင်ယောက်က တစ်ချက်လှုပ်လိုက်သည်နှင့် ပျက်ဆီးခြင်းလှိုင်းလုံးကြီး ထွက်လာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ပျက်သုဉ်းသွားစေခဲ့သည်။ထိုအတက်အကျလှိုင်းများက ငရဲကြယ်ဆယ့်ကိုးလွှာ၏ အတားအဆီးကို ဖြတ်ကျော်သွားခဲ့သည်။ ထို့နောက်တွင် ဆယ့်ရှစ်ထပ်၊ ဆယ့်ခုနစ်နှင့် ဆယ့်ခြောက်ထပ်တို့မှ အတားအဆီးကို တိုက်ရိုက် ထိုးဖောက်သွား၏။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...