အခန်း ( ၃၁၁ ) သတင်းထွက်လာသည်နှင့် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး ဆူပွက်သွားသည်။
ထာဝရသင်္ချိုင်းမြေသည် မည်သို့သောနေရာမှန်း အားလုံး အသိပင်။သေချာတာကတော့ ၎င်းမှာ အန္တရာယ်များသော တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။
ဤနေရာမျိုးနှင့် ပတ်သက်လာချိန်မှာတော့ မည်မျှ ရင်းနှီးသူဖြစ်စေ... လူအများစုက အမှောင်ထဲတွင် ကံဆိုးမည်ကို ကြောက်သောကြောင့် စကားပင် မပြောဝံ့ကြတော့ပါ။
ယခုလည်း ကျွင်းရှောင်ယောက်သည် ထာဝရသင်္ချိုင်းမြေသို့ ဝင်ရောက်တော့မည်ဖြစ်သည်။
ဤအရာက ပင်လယ်ထဲသို့ ဧရာမကျောက်တုံးကြီးတစ်တုံး ကျဆင်းလာ၍ လှိုင်းဂယက်များ ဖြစ်လာသကဲ့သို့ပင်။
ကျွင်းရှောင်ယောက်သာ ကြီးပျင်းလာပါက သူတော်စင်နှင့် အထက်နယ်ပယ်များကို ရောက်နိုင်သည်။
ထိုအခါမှ ထာဝရသင်္ချိုင်းမြေထဲသို့ ဝင်ရောက်ခဲ့လျှင် ဘာမျှမဖြစ်တော့ပါ။
သို့ရာတွင် ယခုအချိန်မှာ ကျွင်းရှောင်ယောက်က တုန်ထျန်းဘုရင်တစ်ပါးသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်က လက်ရှိ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်ဆုံး၌ ပါဝင်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထာဝရသင်္ချိုင်းမြေကဲ့သို့ နေရာမျိုးမှာတော့ လုံးဝ မလုံလောက်ပါချေ။
ယင်းကပင် လူတိုင်း အံ့အားသင့်ရသော အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဘာကိစ္စရှိလို့ ထာဝရသင်္ချိုင်းမြေလို အန္တရာယ်နယ်မြေကို သွားချင်ရတာလဲ"
"ဟုတ်တယ်၊ တားမြစ်ထားတဲ့ နေရာအကြောင်း ပြောနေတာကတောင် ကြောက်စရာကောင်းနေပြီ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ပဲ သေချင်နေတာလး"
"သူက ကျန်းမိသားစုရဲ့ အဘိုးကြီးအတွက် ဆေးရှာဖို့ ထာဝရသင်္ချိုင်းမြေကို သွားရောက်မှာလို့ ကြားတယ်၊ ကျန်းမိသားစုရဲ့ ဘိုးဘေးလေ"
ESTÁS LEYENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...