အပိုင်း ၄၅

935 71 0
                                    

အခန်း ( ၄၅ ) အဓိပဓိယွမ်ထျန်း၏ ရတနာသိုက်သို့  ရှောင်ချန်း ခြေဆန့်ပြီ၊ ကောင်းကင်နဂါး ရှေးဟောင်းဧကရာဇ်၏မျိုးဆက် လုံပိကျစ်

ကျွင်းကျန်းကျန့်မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေသည်။

သူဟာ အဓိပဓိယွမ်ထျန်း၏ ရတနာတံဆိပ်ပြားကို လွန်ခဲ့သောနှစ်များကတည်းက ရရှိထားသော်လည်း အသုံးပြုရန် အခွင့်မသာခဲ့ပေ။

‌ယခုတော့ နောက်ဆုံးတွင် အဓိပဓိယွမ်ထျန်း၏ ရတနာသိုက်သတင်းကို ရရှိလာခဲ့ပြီ ဖြစ်သည်။

"အိုး... အဓိပဓိယွမ်ထျန်းရဲ့ ရတနာသိုက် ထွက်ပေါ်လာတော့မှာလား"
ကျွင်းရှောင်ယောက်မျက်နှာက တည်ငြိမ်နေပြီး အပြောင်းအလဲမရှိပေ။

ဤသတင်းဟာ သူမျှော်လင့်ထားသည့်အတိုင်းဖြစ်၍ စိတ်လှုပ်ရှားစရာ မရှိပါချေ။

"ဟုတ်တယ်"
ကျွင်းကျန်းကျန့်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"နန်းယွမ်စီရင်စုမှာ ထူးခြားတဲ့ ဖြစ်စဉ်တချို့ ဖြစ်ပေါ်နေပြီး အဓိပဓိရတနာစွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်လို့ ငါကြားတယ်..။ သတင်းတွေသာ မမှားရင် ဒါက သေချာပေါက် အဓိပဓိယွမ်ထျန်းရဲ့ ရတနာသိုက်ပဲ"

ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင်လည်း နည်းနည်းပါးပါး ပြင်ဆင်ပြီးရင် ခရီးထွက်ကြတာပေါ့"

ကျွင်းကျန်းကျန့်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
"နတ်ဘုရားသားတော်... ကျွင်းမိသားစုမှာတော့ အဓိပဓိယွမ်ထျန်းရဲ့ ရတနာသိုက် တံဆိပ်ပြားရှိသူက လေးယောက်ရှိပါတယ်"

"လေးယောက်လား"
ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွားသည်။

"မင်း၊ ငါ၊ ကျွင်းရွယ်ဟွမ်နဲ့..."
ကျွင်းကျန်းကျန့်က ဆက်ပြောချင်သော်လည်း  ချီတုံချတုံဖြစ်နေကာ ခဏရပ်သွား၏။

"နောက်ဆုံးတစ်ယောက်က ဘယ်သူလဲ"
ကျွင်းရှောင်ယောက် ပုံမှန်လေသံဖြင့် မေးလိုက်သည်။

"ကျွင်းဝမ်ကျဲပါ"
ကျွင်းကျန်းကျန့် သက်ပြင်းတစ်ချကာ ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora