၄၉၆ - ၅၀၀

875 64 2
                                    


အခန်း ( ၄၉၆ ) နတ်ဘုရားသားတော် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သည်၊ ဖရိုဖရဲကောင်းကင်မိုးကြိုး။

နောက်ဆုံးတွင် သူတော်စင်ဟု အမှန်တကယ်ခေါ်ဝေါ်နိုင်သူတိုင်းက သူတော်စင်ကပ်ဘေးကို ဖြတ်ကျော်ထားခဲ့ကြသူများ ဖြစ်သည်။

သူတော်စင် ကပ်ဘေးသည် ကြီးကျယ်သော ကပ်ဆိုးကြီးတစ်ခု ဖြစ်သော်လည်း ကျော်ဖြတ်နိုင်လျှင်၊ ကျင့်ကြံသူအတွက် အလွန်အကျိုးရှိပြီး ခွန်အားလည်း များစွာ တိုးလာပေလိမ့်မည်။

လူတိုင်းက ကျွင်းရှောင်ယောက်ဟာ သူတော်စင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးပြီဟု ထင်ထားခဲ့ကြသည်။

သို့သော်လည်း ဤအခိုက်တွင် ကောင်ကင်ယံမှ မိုးကြိုးထစ်ချုန်းသံကို ကြားလိုက်ရ၏။ ဤသည်က သူတော်စင်ကပ်ဘေးဒုက္ခ၏ အတက်အကျများဖြစ်မည်ကို သံသယဖြစ်စရာ မလိုပေ။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သူတော်စင် ကပ်ဘေးဒုက္ခကိုတောင် မဖြတ်ကျော်ရသေးပေမဲ့ သူတော်စင်ကို ချက်ချင်းသတ်နိုင်တယ်"

"ဒါက တကယ်ကို ရူးတာပဲ"

လူများစွာတို့ ဆွံ့အကာ အလွန် အံသြသွားကြသည်။

သူနှင့် နှိုင်းယှဉ်ကြည့်ခြင်းက မိုက်မဲလှပေသည်။

ကျွင်းရှောင်ယောက်၏ တည်ရှိမှုက ရောက်လာသော ကျင့်ကြံသူအားလုံးကို အမှိုက်သဖွယ် ခံစားရစေသည်။

စစ်မှန်သော သူတော်စင်များပင်လျှင် ကြောက်လန့်သွားခဲ့ကြလေသည်။

ကျွင်းရှောင်ယောက်က သူတော်စင်ကပ်ဘေးကို မကျော်ဖြတ်ရသေးသော်လည်း ဤမျှ အစွမ်းထက်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ ဖြတ်ကျော်နိုင်ခဲ့ပါလျှင်…

"ဟူး……"
ဤဖြစ်နိုင်ချေကို တွေးမိသောအခါ လူတိုင်း ကြက်သီးတဖြန်းဖြန်းထသွားခဲ့ကြသည်။

ဤသို့ဆိုလျှင် ကျွင်းရှောင်ယောက်၏ဘွဲ့က သမိုင်းတွင် အသက်အငယ်ဆုံးသူတော်စင်မျှသာ မဟုတ်တော့ပါ။

ထပ်တိုးအနေဖြင့် အချိန်တိုင်း၏ အသန်မာဆုံးသူတော်စင် ဖြစ်လာနိုင်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Onde histórias criam vida. Descubra agora