အပိုင်း ၁၄၆ မှ ၁၅၀

1K 77 0
                                    

အခန်း ( ၁၄၆ ) ပါရမီရှင်အားလုံး စုဝေးကြခြင်း။ လှေကား၊ ရှေးဟောင်းခေါင်းလောင်းကို တီးခတ်ခြင်းနှင့် နဂါးတံခါးကို ခုန်ကျော်ခြင်း။

မြင့်မြတ်ဝိညာဉ်အကယ်ဒမီသည် မြင့်မြတ်ဝိညာဉ်မြို့တော်၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ယင်းကို အဝေးမှကြည့်လျှင် အလွန်ခမ်းနားထည်ဝါလွန်း၏။

အကယ်ဒမီထဲမှာတော့ အဆောက်အဦးများ၊ နန်းတော်များနှင့် တိမ်တိုက်များလည်း ပြည့်နှက်နေကြလေသည်။

ရေတံခွန်များနှင့် ရေကန်ကြီးများလည်းရှိ၍ ခမ်းနားထည်ဝါစွာ တည်ရှိနေလေ၏။

ယင်းက ကျောင်းတော်နှင့်မတူဘဲ မြင့်မြတ်နယ်မြေတစ်ခုနှင့်ပင် ပို၍တူလှသည်။

"အိမ်း၊ အင်မော်တယ်နယ်မြေကြီးမှာ အရှည်ကြာဆုံး အမွေအနှစ်ရှိတဲ့ အကယ်ဒမီတွေထဲက တစ်ခုဖြစ်ထိုက်ပါတယ်၊ ပုံစံကိုက တကယ်ကို ထူးကဲလွန်းတယ်"
အကယ်ဒမီကို ပထမဆုံးအကြိမ်ရောက်ဖူးသော ပါရမီရှင်များက မနေနိုင်ဘဲ ချီးမွမ်းလိုက်ကြသည်။

"ဒီကျောင်းတော်ကို တည်ထောင်ခဲ့သူက မြင့်မြတ်ဝိညာဉ်ဖြစ်ခဲ့တယ်လို့ ကျုပ်ကြားဖူးတယ်"
တချို့ကလည်း ဟန်ပန်အပြည့်ဖြင့် ပြောဆိုကြ၏။

မြင့်မြတ်ဝိညာဉ်များသည် လုံးဝကွဲပြားသော တာအိုတစ်မျိုး ဖြစ်သည်။

နဂါးအမှတ်အသားရွှေမည်း၊ နတ်တံဆိပ် ခရမ်းရောင်ရွှေ... စသည်တို့မှာ  အချိန်အတော်ကြာပြီးနောက် မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်များကိုစုပ်ယူပြီး  တဖြည်းဖြည်းနှင့် မြင့်မြတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားကာ အသွေးအသားများကို ပိုင်ဆိုင်လာခဲ့ကြသည်။

ဥပမာအားဖြင့် ကောင်းကင်တာအို အထပ်ငါးဆယ်မြောက်တွင် မြင့်မြတ်ဝိညာဉ် လူဝင်စား၏ အကြွင်းအကျန်များရှိသည်ဟူသော ကောလဟာလများပင် ရှိလေသည်။

လူဝင်စား မြင့်မြတ်ဝိညာဉ်၏ခန္ဓာက ဆမ်ဆာရာတာအိုကျင်း ဖြစ်သည်။

ထို့အပြင် မြင့်မြတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲနိုင်သော မိုးနှင့်မြေ၏ နတ်ဘုရားကျောက်များ အမျိုးမျိုး ရှိကြပါသေးသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora