အခန်း ( ၂၂ ) နတ်ဘုရားသားတော် ပထမဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံပြီဟေ့၊ ဘိုးဘေးနဂါးသိုက်မှ မင်းသား လုံဟောက်ထျန်း
ယုံကြည်မှုအပြည့်ရှိ၍ တိုက်ခိုက်ချင်စိတ်ပြည့်နှက်နေသော ရှောင်ချန်းကိုမြင်ပြီးနောက် မိုးပြာနဂါးသခင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုစရိုက်မျိုးရှိမှသာ တိုင်းပြည်အနာဂတ် ဖြစ်နိုင်ပေလိမ့်မည်။
"ဒါနဲ့ မင်း ကြည်လင်ကောင်းကင်မိုးပြာနဂါးအသွင်ပြောင်းကျမ်းကို မြန်မြန်လေ့ကျင့်ရမယ်..။ နောင်နှစ်အနည်းငယ်အတွင်မှာပဲ အဓိပဓိယွမ်ထျန်းရဲ့ ရတနာသိုက်ပွင့်လာတော့မယ်လို့ ငါနိမိတ်တွေရနေတယ်"
မိုးပြာနဂါးသခင် ပြောလိုက်သည်။"အဓိပဓိယွမ်ထျန်း၊ သူက အဓိပဓိအဆင့် ကျင့်ကြံသူလား"
ရှောင်ချန်း မျက်လုံးများ ပြူးကျယ်သွား၏။"အမှန်ပဲ... အဓိပဓိယွမ်ထျန်းက အရမ်းတန်ခိုးထက်တယ်... အတိတ်က အဓိပဓိယွမ်ထျန်းဟာ ဘိုးဘေးနဂါးအသိုက်ရဲ့ တော်ဝင်မိသားစုဆီကနေ ရှေးဟောင်းနဂါးအရိုးနှစ်ခုကို လုယူခဲ့ဖူးတယ်လို့တောင် ကောလဟာလတွေ ထွက်ပေါ်နေတာ"
မိုးပြာနဂါးသခင် ပြောလိုက်သည်။ရှေးဟောင်းနဂါးအရိုးများအကြောင်းပြောသောအခါ မိုးပြာနဂါးသခင်၏ မျက်လုံးများက အရောင်တလက်လက်တောက်ပသွား၏။
"ရှေးဟောင်းတော်ဝင်မိသားစု..."
ရှောင်ချန်း အသက်ပြင်းပြင်းရှူလိုက်မိသည်။ရှေးဟောင်းတော်ဝင်မိသားစုကိုပင် စော်ကားဝံ့သော အဓိပဓိယွမ်ထျန်းဟာ အလွန်တန်ခိုးထက်ခဲ့ပုံရသည်။
သို့သော်လည်း သူက မိုးပြာနဂါးသခင်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်၍ ပြောလိုက်သည်။
"ဘိုးဘေးက ကျွန်တော့်ကို သွားယူစေချင်တာလား"မိုးပြာနဂါးသခင် မကွယ်ဝှက်ဘဲ ပြောလိုက်၏။
"ဟုတ်တယ်... အဓိပဓိယွမ်ထျန်းရဲ့ အမိန့်တံဆိပ်တစ်ခုကို ရှာရမယ်... ပြီးရင် ရတနာသိုက်ထဲဝင်ပြီး ရှေးဟောင်းနဂါးအရိုးနဲ့ ရတနာတွေကို ရှာဖွေမယ်""ရှေးဟောင်းနဂါးအရိုးကိုရရင် မင်းရဲ့ နဂါးအသွင်ပြောင်းကျမ်းက ပြီးပြည့်စုံတဲ့ အထွတ်အထိပ်ကို ရောက်သွားစေနိုင်မှာ"
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
ŞİMDİ OKUDUĞUN
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Maceraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...