အခန်း ( ၃၈၁ ) ရန်ချင်းယင် အကြပ်အတည်းကြုံနေရပြီ၊ သူတော်စင်ဂိုဏ်းမှ သူတော်စင်သမီးပျို။
ရှန်းကုကမ္ဘာဖွင့်ပွဲကို လွဲချော်ခဲ့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ပါ။
သူဟာ အခြားပါရမီရှင်များက သူ့အား ကျော်ဖြတ်သွားမည်ကို လုံးဝ မစိုးရိမ်ပါချေ။
ထို့ကြောင့်ပင် သင်္ချိုင်းကမ္ဘာ၌ အေးအေးချမ်းချမ်း လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရှန်းကုကမ္ဘာတွင် ကျွင်းမိသားစု၏စီကွမ်များ ကျဆုံးလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။သို့သော်လည်း ပြန်လည်ဆန်းစစ်ကြည့်လျှင်တော့ ယင်းက သာမန်ကိစ္စပင် ဖြစ်သည်။
ဤခေတ်သည် အလွန်ရက်စက်ပြီး လူအနည်းငယ်သာ အဆုံးထိအောင် လျှောက်လှမ်းနိုင်ကြသည်။
ကျွင်းမိသားစု၏ ထိပ်တန်းစီကွမ်ဆယ်ယောက်ဖြစ်လျှင်ပင် သူတို့အားလုံး ဘေးကင်းစွာ ရှေ့ဆက်သွားရန် မဖြစ်နိုင်ပါချေ။
ပါရမီရှင်ဟောင်းများ သေသွားလျှင်ပင် ပါရမီရှင်အသစ်များက ထပ်မံ မွေးဖွားလာဦးမည် ဖြစ်သည်။
၎င်းက အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော်လည်း အမှန်တရားပင် ဖြစ်ချေသည်။
"တချို့အရာတွေက ရှောင်လွှဲလို့ မရပေမယ့်၊ ရှေးဟောင်း တော်ဝင်မိသားစု၊ ကြွေလွင့်နတ်ဘုရားနန်းတော်နဲ့ တခြား အင်အားစုတွေ တရားလွန်သွားပြီ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။သို့သော်လည်း သူသည် ရှန်းကုကမ္ဘာသို့မသွားရောက်မီ ကျန်းမိသားစုထံသို့ ပြန်သွားရဦးမည်။
မကြာခင်မှာပဲ ကျွင်းရှောင်ယောက်ဟာ သင်္ဘောပျံကိုစီးပြီး ကျန်းမိသားစုဆီသို့ ရွက်လွှင့်သွားခဲ့သည်။
တစ်ဖက်တွင်၊ ရှန်းကုကမ္ဘာ၏ နေရာအချို့တွင်…
ပုံရိပ်တစ်ခုက အရှိန်အဟုန်ဖြင့် လေထဲမှ ဖြတ်သန်းသွားခဲ့သည်။
ယင်းက သွယ်လျသောခန္ဓာဖြင့် အလွန်လှပသော အနက်ရောင်ဝတ် မိန်းကလေးတစ်ဦး ဖြစ်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...